ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 05, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှူဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာ

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဇီးပင်ကြီးကျေးရွာနှင့် ဗဟိုမီးသတ်သင်တန်းကျောင်းသို့ ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်မည့် လျာထားလမ်းအူကြောင်းနေရာတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းသစ်ဖောက်လုပ်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲပြီး အဆင့်မီသည့်လမ်းဖြစ်ပေါ်လာစေရေး၊ ဒေသခံများ အဆင့်မီမီအသုံးပြုသွားလာနိုင်ရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

သုတေသနဌာနခွဲ (ပြင်ဦးလွင်)

ဒေါက်တာ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ပြင်ဦးလွင်ခရိုင်ရုံးခွဲ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စားသောက်ကုန်ဓာတ်ခွဲခန်းရှင်းလင်းဆောင်၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စားသောက်ကုန်ဓာတ်ခွဲခန်းများ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊ ပြည်တွင်းရှိ စားသောက်ကုန်ဆိုင်ရာဓာတ်ခွဲခန်းများ၊ စက်မှုဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများနှင့် ထုတ်လုပ်မှုလုပ်ငန်းအမျိုးအစားများ၊ မြန်မာ့ SME များ ရှင်သန်ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဥပဒေအမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှု၊ ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေနှင့် MSME လုပ်ငန်းများအတွက် ပိုချမည့်သင်တန်းများ၊ သုတေသနဌာနခွဲ (ပြင်ဦးလွင်) ဖြစ်ပေါ်လာပုံနှင့် ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုပေးနိုင်မှု၊ ဓာတ်ခွဲခန်းဆိုင်ရာ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (ISO 17025:2017) ရရှိနိုင်ရေးဆောင်ရွက်နေမှုနှင့် အဏုဇီဝဓာတ်ခွဲခန်းလိုအပ်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြင်ဦးလွင်ဒေသသည် MSME လုပ်ငန်းများ များစွာရှိသည်ဖြစ်သဖြင့် စားသောက်ကုန်ဓာတ်ခွဲခန်းဆောင်ရွက်ပေးခြင်းသည် များစွာအကျိုးရှိဖြစ်ပေါ်စေမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် သုတေသနဌာနခွဲ (ပြင်ဦးလွင်) အတွင်း MSME လုပ်ငန်းများမှ လက်ခံရရှိသော နမူနာပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်ခြင်း ဆောင်ရွက်ထားရှိမှုနှင့် ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေးစီမံကိန်း

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းအဆင့်ဆင့်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ အထပ်အလိုက်ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိမှု၊ မြန်မာပြည်တွင်အကြီးဆုံး Curved LED Display နှင့် အဆောက်အဦမျက်နှာစာများ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ အလှမီးဆိုင်းများ ထည့်သွင်းထားရှိမှု၊ ယာဉ်ရပ်နားသည့်နေရာများ ဆောင်ရွက်ထားရှိမှု၊ Solar System ဖြင့် စီမံကိန်းတစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို Air Condition System မှလွဲ၍ ကျန်လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ၆ နာရီကြာ ပံ့ပိုးပေးနိုင်အောင် ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးနှင့် ရေဆိုးစွန့်ထုတ်မှုတို့အတွက် တွက်ချက်ဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းအား သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် ဆောက်လုပ်မှုစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ယခုသုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ်စီမံကိန်းကို ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှုများ ပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ်လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးဖြစ်သဖြင့် ဈေးရောင်းချမှုများသည်လည်း စနစ်တကျဖြစ်ရန်နှင့် အဆင့်မီရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

အဆိုပါသုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့်ဈေးသစ်အဆောက်အဦမျက်နှာစာတွင် အလျား ၁၆၅ ပေ၊ အနံ ၆၁ ပေနှင့် ၁၄၅ ဒီဂရီရှိ မြန်မာပြည်တွင် အကြီးဆုံး Curved LED Display ကို တပ်ဆင်ထားရှိပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်အဆောက်အုံကြီး ရုပ်လုံးကြွအကောင်အထည်ပေါ်လာမှုကို ဒေသခံပြည်သူများအနေဖြင့် ဂုဏ်ယူစွာလာရောက်ကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်လျက်ရှိကြကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on December 04, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Myanmar National Human Rights Commission Statement (16/ 2025)

Myanmar National Human Rights Commission / Posted on December 03, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023