ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / April 10, 2026
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌ H.E. Mr. Jiang Xinzhi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နိုင်ငံတော်သမ္မတက အဆွေတော်အနေဖြင့် ယခုကဲ့သို့ တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ကိုယ်စား မိမိ၏သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လာရောက်ပြီး တက်ရောက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အိမ်နီးနားချင်းဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်သကဲ့သို့ ချစ်ကြည်ရင်းနှီးသည့်နိုင်ငံ၊ ခွဲခွာ၍မရသည့် အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြပါကြောင်း၊ မိမိအားသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးချိန် နာရီပိုင်းအတွင်း အဆွေတော်တို့သမ္မတကြီးက ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ပထမဆုံးပေးပို့ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌက အဆွေတော်သမ္မတကြီးထံ မိမိတို့သမ္မတကြီးမှ နှုတ်ခွန်းဆက်စကားပါးလိုက်ပါကြောင်း၊ မိမိအနေဖြင့် သမ္မတကြီး ရှီကျင့်ဖျင်၏ အထူးကိုယ်စားလှယ်အဖြစ် အဆွေတော်သမ္မတကြီး၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးအလေးထားမှုကို ဖော်ပြနေခြင်းပင်ဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် အချိန်ကာလကြာမြင့်စွာဖြင့်တည်ရှိခဲ့ပြီး နှစ်ဦးနှစ်ဖက် ကာလရှည်ကြာစွာဖြင့် ကူညီဖေးမခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ထောက်ခံပေးမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏အကျိုးစီးပွားများ ကာကွယ်ထိန်းသိမ်းရေးကို အစဉ်တစ်စိုက် ထောက်ခံအားပေးပါကြောင်း၊ ယခုအဆွေတော်သမ္မတကြီး ဦးဆောင်သည့် အစိုးရ၏ဆောင်ရွက်ချက်များအပေါ် မိမိတို့အနေဖြင့် ထောက်ခံအားပေးပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံရပ်တည်ပေးလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအား နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပညာရေး၊ မီဒီယာနှင့် လူငယ်ရေးရာ စသောကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှိကျင့်ဖျင်၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်၏ ဒုတိယဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

