ပြည်ထောင်စုအကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးခရီးသို့ အရောက်လှမ်း
ပြည်ထောင်စုအကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးခရီးသို့ အရောက်လှမ်း
Ministry of Information/ Naypyitaw / April 22, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဧပြီ ၂၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပထမအကြိမ် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့မှုနှင့် တိုင်းပြည်စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေကြရန်နှင့် အလုပ်လုပ်ကြရန် တိုက်တွန်းခဲ့သည်တို့ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့ကတည်ဆောက်ရေး လုပ်ငန်းတွေလုပ်သွား၊ နောက်က အဖျက်လုပ်ငန်းတွေပါလာလို့ရှိရင် သမင်မွေးရင်း၊ ကျားစားရင်းဆိုသလိုဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်းမဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစိုးရအဆက်ဆက်တွင် အလေးထားဆောင်ရွက်ခဲ့ကြရာ ရလဒ်ကောင်းများပေါ်ထွက်ခဲ့သော်လည်း ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေများ၊ နောက်ပြန်လှည့်သည့်အခြေအနေများ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးမှုအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။ လက်နက်စွဲကိုင်ပြီး လိုချင်သည်များကို တောင်းဆိုခြင်း၊ လက်နက်ကိုင်လမ်းစဉ်ကိုဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာနှင့် မိမိတို့၏ဆန္ဒကိုသာ ရှေ့တန်းတင်ဦးစားပေးဖန်တီးလုပ်ဆောင်မှုများသည် မိမိတို့ဒေသခံပြည်သူလူထုကို ဖွံ့ဖြိုးမှုနောက်ကျအောင် ဆွဲချနေခြင်းဖြစ်သည်။ ဒီမိုကရေစီနှင့် သွေဖည်ပြီး မှန်ကန်သည့်လမ်းစဉ်မဟုတ်သည်ကို အလေးအနက်သတိပြုရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် မတ်လမှစတင်၍ သာမန်ဆန္ဒပြမှုမှတစ်ဆင့် ဆူပူအုံကြွမှု၊ အကြမ်းဖက်မှုများလုပ်ဆောင်လာခဲ့သည်။ နောက်ဆုံးတွင် အကြမ်းဖက်တိုက်ခိုက်မှု များပေါ်ပေါက်လာခဲ့ပြီး အစွန်းရောက်ပါတီဝင်အချို့ဦးဆောင်မှုဖြင့် လူငယ်များကို စည်းရုံးပြီး ဝါဒမှိုင်းတိုက်ကာ နိုင်ငံအနှံ့ PDF အမည်ခံအကြမ်းဖက်လက်နက်ကိုင် အဖွဲ့များ ဖွဲ့စည်းလာခဲ့သည်။ EAOs အဖွဲ့အချို့က အကြမ်းဖက် PDF များကို အားပေးကူညီခဲ့သည်။ NUG၊ CRPH အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့ကူညီခဲ့သည်။ EAOs အဖွဲ့အချို့က ဖက်ဒရယ်ခေါင်းစဉ်၊ အကြမ်းဖက် PDF များက တော်လှန်ရေးခေါင်းစဉ်တပ်ကာ နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများဖော်ဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူ ၇၂၈၄ ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီး အခြေခံအဆောက်အအုံများစွာတို့ကို ဖျက်ဆီးခဲ့သည်။
အားလုံးသည် တိုင်းရင်းသားပြည်သူများဖြစ်သည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းလမ်းကို ရွေးချယ်ခြင်းဖြစ်သည်။ လက်ရှိတွင် ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာသည့် ရွေးချယ်ခံအစိုးရ နိုင်ငံ့တာဝန်ထမ်းဆောင်နေသည်။ လိုလားချက်များကို လွှတ်တော်များတွင် တောင်းဆိုနိုင်၊ ဆွေးနွေးနိုင်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် ငြိမ်းချမ်းရေးခရီးလမ်းတွင် လျှောက်လှမ်းရမည်ဖြစ်သည်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ဥပဒေဘောင်အတွင်း ဝင်ရောက်ရန်ဖိတ်ခေါ်ခဲ့ရာ တဖွဲဖွဲဝင်ရောက်နေသည်။ NCA လက်မှတ်ရေးထိုးထားသော၊ လက်မှတ်ရေးထိုးမထားသော EAOs အားလုံးအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီတွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်အစိုးရက ဖိတ်ခေါ်ထားသည်။
သို့ဖြစ်ရာ NCA လက်မှတ်ရေးထိုးထားသော EAOs များ၊ NCA လက်မှတ် ရေးထိုးမထားသော EAOs များအပြင် PDF များ အားလုံးအနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ဖိတ်ခေါ်ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအခင်းအကျင်းသစ်ဆီသို့ ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ အရောက်လှမ်းလာကြပါရန် ထပ်လောင်းအသိပေးနှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
