ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဒုတိယနေ့တွင် ဒေသခံပြည်သူအများအပြား လာရောက်ကြည့်ရှုလေ့လာ


Ministry of Information/ Naypyitaw / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၉

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိရာ ယနေ့ပြပွဲ ဒုတိယနေ့တွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြားလာရောက်ကြည့်ရှုလေ့လာကြသည်။

“မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဒေသအလိုက် ထုတ်ကုန်တွေ၊ တိုင်းရင်းသားရိုးရာအစားအစာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အထိ သွားစရာမလိုဘဲ တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာပြီး ဝယ်ယူလို့ရတယ်။ ဒါကြောင့် အရင်နှစ်တွေကတည်းက လာဖြစ်တယ်။ အဓိကကတော့ ပစ္စည်းအရည်အသွေးကောင်းတယ်၊ ဈေးနှုန်းလည်း အများကြီးသက်သာတယ်။ ဆေးဝါးတွေလည်း ပြသရောင်းချတဲ့အတွက် အခုအိမ်သုံးဆေးဝါးတွေ ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ လေ့လာကြည့်ရှုခွင့်ရတဲ့အတွက် မရောက်သေးတဲ့ သူတွေလာရောက်လေ့လာကြည့်ရှုကြဖို့ အကြံပြုပါတယ်” ဟု ပျဉ်းမနားမြို့မှ မစန္ဒာကပြောသည်။

ပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော် ဆိုင်ကယ်/သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ ပါဝင်ပြသလျက်ရှိရာ လာရောက်လေ့လာကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

“ပြပွဲကို လာရောက်ကြည့်ရှုသူများတယ်။ ပြပွဲလာပြည်သူများတဲ့အတွက် ပါဝင်ပြသကြတဲ့ လုပ်ငန်းရှင်တွေလည်း ပိုပြီးအားတက်ရပါတယ်။ ကျွန်တော်တို့ ပြည်နယ်ပြခန်းမှာ ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန် ၁၄၅ မျိုး၊ စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန် ၃၆ မျိုး၊ OROP ထုတ်ကုန် ၃၀ အပြင် ပူတာအိုခရိုင်ဒေသထွက် ဂရိတ်ဖရု၊ မြစ်ကြီးနားခရိုင် ဒေသထွက်ကချင်ရိုးရာအထည်၊ တစ်သျှူးငှက်ပျော၊ ဗန်းမော်ခရိုင်ဒေသထွက် အစေ့ထုတ်ပြောင်း၊ မြေထောက်ပဲ၊ မိုးညှင်းခရိုင်ထွက် ပဲပုပ်၊ ခေါက်ဆွဲ၊ တနိုင်းခရိုင်ထွက် ဆီမုန်ညင်းနဲ့ ချီဖွေခရိုင်ထွက် သစ်ကြားသီးစတာတွေကို ခင်းကျင်းပြသထားတဲ့အပြင် ဒေသထွက်ကျောက်စိမ်းလက်ဝတ်ရတနာတွေ၊ ပယင်းရှူဆေး၊ ဖျန်းဆေးနဲ့ လိမ်းဆေးဆီတွေကို ခင်းကျင်းပြသရောင်းချပေးလျက်ရှိပါတယ်။ ပြည်တွင်းကုန်ကြမ်းများကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုထားတဲ့ ပြည်နယ်ရဲ့ စားသောက်ကုန်လုပ်ငန်းတွေ၊ ကချင်ရိုးရာရက်ကန်းထည်တွေလည်း ပါပါတယ်” ဟု ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြောကြားသည်။

ထို့ပြင် အသေးစားစက်မှုလက်မှုထုတ်ကုန် ပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်းများ ထုတ်ကုန်ပြခန်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ အသင်းပြခန်း၊ မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းပြခန်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းပြခန်း၊ SUPREME WATER DOCTOR ပြခန်း၊ မြန်မာစီးပွားရေးလုပ်ငန်း ရှင်အမျိုးသမီးများ ကွန်ရက်ပြခန်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းပြခန်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းပြခန်းများတွင် သက်ဆိုင်ရာပြခန်းအလိုက် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များကို ဈေးနှုန်းသက်သာစွာ ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည့်အတွက် လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

“အသုံးပြုပြီးသား စွန့်ပစ်ပလတ်စတစ်တွေကို တစ်နိုင်ငံလုံးကနေဝယ်ယူပါတယ်။ နေရာစုံကနေရရှိလာတဲ့ စွန့်ပစ်ပလတ်စတစ်ကုန်ကြမ်းတွေကို ကျွန်တော်တို့စက်ရုံကနေ ပြန်လည်သန့်စင်အမျိုးအစားခွဲခြားပြီး နည်းပညာကို အသုံးပြုပြီးတော့ အဆင့်ဆင့်ဆောင်ရွက်လိုက်တဲ့အခါ သန့်စင်တဲ့ ပလတ်စတစ်ကော်တောင့်တွေ ရရှိပါတယ်။ ဒီဟာကို အသုံးပြုပြီးတော့ စိုက်ပျိုးရေးသုံးတောင်သူတွေကို အကျိုးပြုတဲ့ ရေသွယ်ပိုက်၊ ရေဖျန်းပိုက်အပါအဝင် စိုက်ပျိုးရေးသုံးပိုက်နဲ့ ပိုက်ဆက်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချပါတယ်။ ကျွန်တော်တို့ပစ္စည်းတွေကို တောင်သူတွေက သဘောကျပါတယ်။ ရောင်းအားကောင်းပါတယ်။

“ကျွန်တော်တို့ပစ္စည်းက ပြည်တွင်းက စွန့်ပစ်ပစ္စည်းကို အသုံးပြုထားတယ်။ သွင်းကုန်အစားထိုးပစ္စည်းအဖြစ် ပြည်ပကနေကော်စေ့တင်သွင်းရတဲ့ နိုင်ငံခြားသုံးငွေသုံးစွဲမှု ချွေတာနိုင်ဖို့ အထောက်အကူပေးပါတယ်။ ပြီးတော့ စွန့်ပစ်ပလတ်စတစ်ကို ပြန်ပြီးအသုံးပြုတာမို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ တောင်သူတွေ အသုံးပြုတဲ့အခါမှာလည်း အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အဓိကကတော့ စိုက်ပျိုးရေကို အလေအလွင့်မရှိဘဲ လိုအပ်သလောက် ထိထိရောက်ရောက် အသုံးပြုနိုင်အောင် အထောက်အကူပေးပါတယ်။ ဒါကြောင့် တောင်သူတွေကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့တောင်သူအကျိုးပြုစီမံကိန်းတွေ၊ လုပ်ငန်းတွေ၊ နည်းပညာတွေကို အထောက်အပံ့ပေးနေတဲ့ စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့၊ လယ်ယာကဏ္ဍနဲ့ သက်ဆိုင်တဲ့ အစိုးရဌာနတွေက တာဝန်ရှိသူတွေကိုလည်း လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။

“ကျွန်တော်တို့ကလည်း ဒီလိုပြပွဲကနေ ပိုပြီးကျယ်ပြန့်တဲ့ဈေးကွက်ကိုရရှိဖို့ မျှော်မှန်းသလို တစ်ဖက်ကလည်း တောင်သူတွေလက်ထဲကို ပြည်တွင်းလုပ်ငန်းရှင်တွေထုတ်လုပ်တဲ့ အရည်အသွေးမြှင့်ပစ္စည်းတွေ ရောက်စေချင်တယ်။ ဒါကြောင့် ပြခန်းကို တောင်သူတွေနဲ့ တာဝန်ရှိသူတွေ၊ ပြည်သူတွေအများကြီး လာရောက်လေ့လာစေချင်ပါတယ်”ဟု New Life Plastic (NLP) Co.,Ltd. မှ ပြခန်းတာဝန်ခံက ပြောသည်။

ထို့အတူ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရေမဲ့အီသနောဖြင့် ဇီဝလောင်စာဆီ ထုတ်လုပ်ခြင်းပြခန်း၊ OK Myanmar စက်မှုလုပ်ငန်းသုံးရော်ဘာရိုလာနှင့် ရော်ဘာပစ္စည်းမျိုးစုံထုတ်လုပ်ရေးပြခန်း၊ ရွှေဦးဝဥတန်ဖိုးမြှင့်ထုတ်ကုန်များပြခန်းအပါအဝင် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးပြခန်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ထုတ်ကုန်ပြခန်း၊ ရိုးမအသေးစားစက်မှုလက်မှုထုတ်ကုန်ပြခန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ပြခန်း၊ CMP ထုတ်ကုန်များပြခန်းတို့တွင် သက်ဆိုင်ရာပြခန်းအလိုက်ထုတ်ကုန်များကို အမျိုးအမည်စုံလင်စွာ ခင်းကျင်းပြသထားသည်ကို တွေ့ရှိရသည်။

ထိုကဲ့သို့ ပြခန်းများအလိုက် စုံလင်စွာခင်းကျင်းပြသထားမှုများကို ပြည်သူများက စိတ်ဝင်တစားလာရောက်လေ့လာကြည့်ရှုလျက်ရှိရာ ပြခန်းတာဝန်ရှိသူများက ပြသထားသည့် ထုတ်ကုန်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံထားအသုံးပြုမှုများ၊ ထုတ်လုပ်မှုဆိုင်ရာနည်းပညာများကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာအစားအစာ အရောင်းဆိုင်များတွင် ဒေသအလိုက် အစားအသောက်များ၊ တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို ပြည်သူများအတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် ဝယ်ယူအားပေးသူပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ညပိုင်းတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုကပြဖျော်ဖြေမှုများတွင် ပြည်သူများက လိုက်ပါသီဆိုကခုန်ကြရင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပထမနေ့တွင် လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူ ၈၂၀၀၀ ကျော်ရှိခဲ့ပြီး ယနေ့ပြပွဲ ဒုတိယနေ့သို့ ပြည်သူ ၇၆၀၀၀ ကျော် လာရောက်ခဲ့ကြောင်း သိရသည်။

အောင်မင်းဟန်

ဓာတ်ပုံ-ကိုကြီးထိန်၊ အောင်မင်းထွန်း

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

Ministry of Information / Posted on February 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on February 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...

မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on February 10, 2026

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023