ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ဧရာ၀တီတိုင်းဒေသကြီးအတွင်း ဟင်္သာတတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 21, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများသည် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ကျောင်းသားအခြေပြု သင်ကြားနည်းစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည် ကိုတွေ့ရကြောင်း၊ သင်ကြားရေးသည် သုတေသနနှင့် ဆက်စပ်မှသာ သုတေသနစာတမ်းများ ရေးသားရာတွင် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ ဟင်္သာတတက္ကသိုလ်တွင် ထူးခြားသည့် ဘာသာရပ်များအနေဖြင့် ငါးလုပ်ငန်းဘာသာရပ်နှင့် စိုက်ပျိုးရေးဓာတုဗေဒဘာသာရပ်နှစ်ခုကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းဘာသာရပ်များကို သင်ကြားသည့် ဆရာဆရာမ များအနေဖြင့် သင်ကြားရေးနှင့်သုတေသနကို ချိတ်ဆက်ဆောင်ရွက်ရန် များစွာလိုအပ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ကြားရေးတွင် AI နည်းပညာကို အသုံးချနိုင်ရန် လေ့လာထားကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏အခြေအနေ၊ ကျောင်းသား ကျောင်းသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြစ်လာစေရန် အကျိုးရှိစွာ အသုံးပြုကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် Project များအတွက် ခေါင်းစဉ်ရှာဖွေရာတွင် AI နည်းပညာကို စနစ်တကျ အသုံးချတတ်စေရန် လမ်းညွှန်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဟင်္သာတတက္ကသိုလ်၏ လိုအပ်ချက်များအပေါ် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပါမောက္ခချုပ်က တက္ကသိုလ် ဘောလုံးကွင်းအဆင့်မြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ Grade-12 ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ မြို့မိ မြို့ဖများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံရာတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ Grade-12 အောင်ချက် ရာခိုင်နှုန်းမြင့်မားရေးအတွက် လာရောက်အားပေး ခြင်းဖြစ်ကြောင်း၊ ကျောင်း၏လိုအပ်ချက်များကို သိရှိပြီး အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း ပြောကြားကာ ကျောင်းအတွက် ချီးမြှင့်ငွေများကို ကျောင်းအုပ်ကြီးထံ ပေးအပ်သည်။

ထို့နောက် မြန်အောင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ဆောင်များနှင့် ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Ministry of Information / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Ministry of Information / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Video