ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) နှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) တို့မှ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းစကားသံများ


Ministry of Information/ Naypyitaw / January 01, 2026
image_latest


ဦးရဲထွန်း ဥက္ကဋ္ဌ ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) YMBA

ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ် ကုန်ဆုံး ပြီး ၂၀၂၆ ခုနှစ်သို့ ကူးပြောင်းတဲ့အခါ သမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ရဟန်းရှင်လူ ပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် (၄) ရပ် အောင်မြင်ရေးနဲ့ ကျင်းပလျက်ရှိတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှ ပေါ်ပေါက်လာတဲ့ အစိုးရသစ်နဲ့အတူ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ကြီးကို နိုင်ငံသူ နိုင်ငံသား အားလုံး၏ စည်းလုံးညီညွတ်မှုအားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသား၊ မိဘပြည်သူ ညီအစ်ကို မောင်နှစ်မများအားလုံး တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် မေတ္တာထားပြီး နိုင်ငံနှင့်လူမျိုး ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြ ပါစေကြောင်း နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

ဦးဝဏ္ဏ ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)

အားလုံးမင်္ဂလာပါခင်ဗျာ

ယနေ့ဟာ ခရစ်သက္ကရာဇ် ၂ဝ၂၅ ခုနှစ်ကုန်ဆုံးပြီး ၂ဝ၂၆ ခုနှစ်ကာလသို့ ရောက်ရှိလာသော အခါသမယလည်း ဖြစ်ပါတယ်။ ယနေ့ ၂ဝ၂၆ ခုနှစ် နှစ်ဆန်း၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးမှ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ နိုင်ငံသူနိုင်ငံသားများနဲ့တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံလျက် အေးချမ်းသာယာပြီး ပြီးပြည့်စုံသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင် ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံသူ နိုင်ငံသားများအတွင်း အမုန်းစကား၊ အမုန်းတရားများပယ်ပျောက်၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ကြပြီး နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြပါစေရန်လည်း မေတ္တာပို့ ဆုတောင်းအပ်ပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ဆိုသည့်အလျောက် ဘာသာမတူ၊ လူမျိုးမတူ၊ ယုံကြည်ချက်မတူညီကြသော်လည်း အမိမြန်မာ နိုင်ငံတော်အတွင်း အတူတကွ မှီတင်း နေထိုင်ကြခြင်းဖြစ်တဲ့အတွက် မေတ္တာတရားရှေ့ထားကာ အဖွဲ့အစည်းအချင်းချင်း၊ လူမျိုးအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အမိနိုင်ငံတော်၏အကျိုး၊ အမိနိုင်ငံတော်၏အရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့၊ ငြိမ်းချမ်းရေးလမ်းကို အတူတကွ လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းရင်း မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေကြောင်း ထပ်လောင်းဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ။

ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)

ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)

အားလုံးမင်္ဂလာပါခင်ဗျာ

၂၀၂၅ ခုနှစ် ကုန်ဆုံးပြီး ၂ဝ၂၆ ခုနှစ် နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒအလုံးစုံ ပြည့်ဝပါစေကြောင်း အစ္စလာမ်ဘာသာဝင်များ ကိုယ်စားကျွန်တော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းက ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ကြီးမှာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင် ကြပြီး ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ် ယာန် ဘာသာ၊ အစ္စလာမ်ဘာသာအပြင် နတ်ကိုးကွယ်မှုများလည်းရှိပြီး တစ်ဦးရဲ့ ဘာသာအယူဝါဒကို တစ်ဦးက အပြန် အလှန်လေးစားကြ၍ တစ်ဦးနဲ့တစ်ဦး မေတ္တာတရား ရှေ့ထားပြီး ချစ်ချစ်ခင်ခင် အေးချမ်းစွာ နေထိုင်လာတဲ့ မြန်မာနိုင်ငံ ကြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် များအနေဖြင့်လည်း ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ကြီးနှင့် ပူးပေါင်းလက်တွဲကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နိုင်ငံတော် ငြိမ်းချမ်း သာယာရေးအတွက် ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

အခုလိုနှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးအနေနဲ့ အမိမြန်မာနိုင်ငံတော်အတွင်းမှာ နေထိုင် ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး အန္တရာယ်အပေါင်းမှ ကင်းဝေးပြီး နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ၊ မိသားစု အကျိုး၊ နိုင်ငံအကျိုး၊ ဘာသာသာသနာ အကျိုးကို ရွက်သယ်ပိုးနိုင်ကြပါစေ၊ ကိုးကွယ်ရာ ဘာသာကြီးလေးရပ်၏ တူညီသော သစ္စာတရား၊ မေတ္တာတရား များဖြင့် ကြိုဆိုကြပါလို့ နှစ်သစ်ကူး ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ။

ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ) ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)

အားလုံးမင်္ဂလာပါခင်ဗျာ

ယနေ့ဟာ ၂ဝ၂၅ ခုနှစ် ကုန်ဆုံးပြီး ၂ဝ၂၆ ခုနှစ်ကိုရောက်ရှိလာတဲ့ နှစ်သစ်ကူး အခါသမယနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး ပျော်ရွှင်စရာ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတူးတူးက ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသူတိုင်းရဲ့ လူမှုရေး၊ စီးပွားရေး၊ ဘဝလုံခြုံရေးပြည့်စုံစေရန်အတွက် အလိုအပ်ဆုံးဖြစ်တဲ့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်လည်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးနဲ့အတူ လက်တွဲကာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ။

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးဟာ လူမျိုး မတူ၊ ဘာသာမတူ၊ အယူအဆမတူကြသူ တွေ မေတ္တာတရားကို အခြေခံထားကာ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ အလံတော်အောက်မှာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မိဘပြည်သူများကလည်း အမိမြန်မာနိုင်ငံတော်ကြီးအတွင်း အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ကျွန်တော်တို့အဖွဲ့ကြီးနဲ့အတူ ပူးပေါင်းပါဝင်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ယခုလို နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ဝိုင်းဝန်းကူညီ သယ်ပိုးထမ်းဆောင်နိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အားလုံးနှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။

ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ) ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)

၂၀၂၅ ခုနှစ် ကုန်ဆုံး၍ ၂၀၂၆ ခုနှစ် မင်္ဂလာနှစ်သစ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာသုခပြည့်စုံပြီး လိုရာဆန္ဒအစစ အရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်။ ဂေါတမမြတ်စွာ ဘုရားရဲ့မေတ္တာကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာပါစေ၊ မဟာပိန္နဲဘုရားရဲ့မေတ္တာကြောင့် ပြည်တွင်း ပြည်ပရန်များကင်းရှင်းပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါစေ၊ မိမိတို့နိုင်ငံမှာ လိုအပ်ချက်နှစ်ခုပဲရှိပါတယ်။ တစ်ခုကတော့ မေတ္တာများများထားပေးဖို့နဲ့ နောက်တစ်ခုက အလုပ်များများလုပ်ပေးဖို့လိုပါတယ်။

၂၀၂၆ ခုနှစ် နှစ်သစ်မှစပြီး နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ မြန်မာ နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသား အားလုံး ရေလိုအေးချမ်းပြီး ပဒုမ္မာရွှေကြာ ပန်းလိုမွှေးကြိုင်ကြပါစေ၊ အစစအရာရာ လိုရာဆန္ဒတွေ ပြည့်ဝအဆင်ပြေကြပါစေ လို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Ministry of Information / Posted on January 01, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Ministry of Information / Posted on January 01, 2026

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on December 31, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023