မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်)ခြောက်လသင်တန်းဆင်းပွဲ ကျင်းပ

Ministry of Information/ Naypyitaw / November 06, 2025
image_latest

မကွေး နိုဝင်ဘာ ၅

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်)ခြောက်လသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊  တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့်ဆေးဘက်ကျွမ်းကျင်(၃)(ဓာတ်မှန်) ခြောက်လသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ   တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုအဆင့်နှင့်ပြည်နယ်/ တိုင်းဒေသကြီးအဆင့်  ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်နေသည့် ဆေးဘက်ကျွမ်းကျင်-၃(ဓာတ်မှန်) ရာထူးနေရာများ တိုးမြှင့်ခန့်ထားနိုင်ရန် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ  ပြည်သူ့ဆေးရုံကြီး ၁၃ ရုံတွင် သင်တန်းသား စုစုပေါင်း ၃၀၀ ကို တစ်ပြိုင်တည်းသင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့ဆေးရုံများတွင်လည်းကောင်း၊ သင်တန်းဆင်းပြီးမကြာမီ ရာထူးတိုးမြှင့်ခန့်ထားပေးမည့် ပြည်သူ့ဆေးရုံကြီးများတွင်လည်းကောင်း လူနာများအကျိုးရှေးရှုပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်နှင့် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သင်တန်းဆင်းများကိုယ်စားသင်တန်းသားသင်တန်းသူတစ်ဦးစီကို သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ရာ သင်တန်းဆင်းများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါသင်တန်းကို အမျိုးသား ၁၂ ဦး၊  အမျိုးသမီး ၁၇ ဦးစုစုပေါင်း ၂၉ ဦးဖြင့် မေ  ၅ ရက်မှစတင်၍ ခြောက်လကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 

မောင်ခိုင်မင်း(ပြန်/ဆက်)

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023