မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးအား ဓား၊ သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်၍ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦးအား ဓား၊ သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်၍ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်
Ministry of Home Affairs/ နေပြည်တော် / December 30, 2025
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓား၊ သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ သုံးဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက် ည ၁၀ နာရီ ၅၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ စီတောင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်/ကျေးရွာစည်းရုံးရေးမှူး ဦးဝင်းသိန်း(၆၀)နှစ်သည် ၎င်း၏သမီးဖြစ်သူ ဒေါ်ဇာနည်သိန်း(၃၅)နှစ်၊ သားမက်ဖြစ်သူ ဦးကျော်ထက်အောင်(၃၃)နှစ် တို့နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဓား၊ သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ် သတ်ဖြတ်၍ နေအိမ်ရှိ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့ သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက် သမားများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Ministry of Information / Posted on December 30, 2025
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
Ministry of Information / Posted on December 30, 2025
စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
Ministry of Information / Posted on December 30, 2025
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
