မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / June 28, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျောက်တိုင်လမ်းဆုံ ရန်ကုန်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် ၂၇၂ မိုင် ၇ ဖာလုံနှင့် ၈ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်ကြီး၊ သစ္စာလမ်းအတိုင်း မြို့မရပ်ကွက်ကြီးနေ သက်နောင်ဆွေ(၄၂)နှစ် မောင်းနှင်လာသည့် GLE-BIKE အပြာရောင် ဘက်ထရီ ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ ရန်ကုန်-မန္တလေးသွားကားလမ်းပေါ်သို့ ဖြတ်တက်စဉ် လမ်းမကြီးအတိုင်း ရမည်းသင်းမြို့၊ ပျဉ်ပြားကျေးရွာနေ တိုးအောင်(၃၀)နှစ် မောင်းနှင်လာသည့် MDY/69W-XXXX HONDA DREAM 125 ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် သက်နောင်ဆွေနှင့် တိုးအောင်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် သက်နောင်ဆွေ အား ရမည်းသင်း မြို့မရဲစခန်း ယာဉ်(ပ)၂၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။
Announcement
Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
Ministry of Transport and Communications / Posted on June 30, 2025
Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၂/၂၀၂၅)
Union Civil Service Board / Posted on June 30, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၂/၂၀၂၅)
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on June 28, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -