မိမိတို့နေထိုင်ရာ မြို့ရွာများ လှပသန့်ရှင်းရေးနှင့် နှစ်လိုပျော်မွေ့ဖွယ်ဖြစ်ရေး ဖန်တီးဖော်ဆောင်


Ministry of Information/ Naypyitaw / May 07, 2026
image_latest


ခရီးသွားနှင့် အလည်အပတ်လုပ်ငန်း (Travel and Tourism) သည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံးသော ပို့ကုန်လုပ်ငန်းဖြစ်သည်။ ခရီးသွားနှင့် အလည်အပတ်လုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပဟူ၍ရှိရာ ပြည်တွင်းခရီးသွားလုပ်ငန်းက အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖန်တီးပေးနိုင်ပြီး ဒေသစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသကဲ့သို့ ပြည်ပခရီးသွားလုပ်ငန်းက နိုင်ငံခြားဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းအပြင် ကမ္ဘာ့နိုင်ငံများအချင်းချင်း ယဉ်ကျေးမှု၊ အပြန်အလှန်နားလည်မှုနှင့် မိမိနိုင်ငံ၏ ကောင်းသတင်းများကို ဖြန့်ဝေနိုင်မှုစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဂျီဒီပီတွင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာခြင်းနှင့် အလည်အပတ်လုပ်ငန်းကဏ္ဍသည် ဒေါ်လာ ၁၁ ဒသမ ၆ ထရီလီယံထိ စံချိန်တင်ပါဝင်ခဲ့ရာ ကမ္ဘာ့စီးပွားရေး စုစုပေါင်း၏ ၉ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်။ ၎င်းကဏ္ဍသည် ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း အလုပ်အကိုင်နေရာပေါင်း ၃၆၆ သန်းထိ ဖြစ်ပေါ်စေခဲ့ရာ အလုပ်အကိုင်အသစ် သုံးခုတွင် တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်တို့၏ သုံးစွဲမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက အဆင့်များ နီးနီး သို့မဟုတ် ထို့ထက်ပင် ကျော်လွန်၍ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကမ္ဘာ့ခရီးသွားလာခြင်းနှင့် အလည်အပတ်လုပ်ငန်းကဏ္ဍ၏ တိုးတက်မှုက ကမ္ဘာ့နိုင်ငံများအကြား ငွေကြေးဖောင်းပွမှုနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများရှိနေသည့်တိုင် ခံနိုင်ရည်ရှိကြောင်း သက်သေပြနေသကဲ့သို့ ကမ္ဘာ့စီးပွားရေး၏ အဓိကမောင်းနှင်အား အဖြစ် ၎င်း၏အခန်းကဏ္ဍကို ပေါ်လွင်စေသည်။

“စီးပွားရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများ တိုးတက်လာစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုသကဲ့သို့ ဒေသအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း သာယာလှပမှုနှင့် နှစ်လိုဖွယ်ရှိသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက ခရီးသွားဝင်ရောက်မှုများလည်း တိုးတက်လာစေမည်ဖြစ်ကာ ဒေသ၏ လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် ခရီးသွားနှင့် အလည်အပတ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် မိမိ တို့ တစ်မျိုးသားလုံး ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရေးပင် ဖြစ်သည်။

မြေမျက်နှာသွင်ပြင်အမျိုးမျိုးနှင့် ကွဲပြားခြားနားသည့် သဘာဝအလှအပများ၊ အရောင်အသွေးစုံလင်သော တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ပင်ကိုစရိုက်ဖြစ်သည့် ရင်းနှီးဖော်ရွေမှု၊ ကူညီရိုင်းပင်းလိုသော စိတ်ဓာတ်ပြည့်ဝမှုတို့က နိုင်ငံရပ်ခြားမှ အလည်အပတ်လာသူတိုင်း အသိအမှတ်ပြုကြရသည့် ထူးခြားမှုဖြစ်သည်။ မိမိတို့နေထိုင်ရာ မြို့ရွာဒေသများကို စိမ်းလန်းစိုပြည်စေရန်၊ သန့်ရှင်းသပ်ရပ်စေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ထင်ရှားသည့်အရာဝတ္ထု (Landmark) များကို တင့်တယ်စွာ ဖော်ထုတ်ထိန်းသိမ်းထားရန်၊ ဒေသအစားအစာ၊ ရိုးရာအစားအစာများ၊ ဒေသကိုယ်စားပြု အမှတ်တရပစ္စည်းများစသည်တို့ကို အရည်အသွေးရှိရှိ ဈေးကွက်မြှင့်တင်ရန်၊ မိမိတို့၏ယဉ်ကျေးမှုကို ဖော်ထုတ်ပြသရန် စသည်တို့ကို ဒေသခံအားလုံးတို့က မိမိတို့၏ တာဝန်အဖြစ် ခံယူကျင့်သုံးဆောင်ရွက်ကြခြင်းအားဖြင့် မိမိတို့၏ဒေသမှာ ကောင်းသတင်းနှင့်အတူ မွှေးပျံ့ကျော်ကြားနေမည် ဖြစ်သည်။

“အိမ်သာလျှင် ဧည့်လာမည်” ဟူသည့် စကားနှင့်အညီ သာယာလှပပြီး စည်းကမ်းစနစ်တကျရှိသည့် ပတ်ဝန်းကျင်ကောင်းကို ပုံဖော်ဖန်တီးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် ဝန်ထမ်းများ၊ ကိုယ်စီအသိစိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရမည့် ပြည်သူများအားလုံးအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ရာ ကိုယ်ရောစိတ်ပါ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြပါက အချိန်မကြာမြင့်မီမှာပင် ရလဒ်ကောင်းများကို ရရှိနိုင်သည်။ မိမိတို့နေထိုင်ရာ မြို့ပြကျေးလက်ဒေသတို့ကို နှစ်လို ပျော်မွေ့ဖွယ်ရာနေရာများဖြစ်လာအောင် ဆောင်ရွက်ကြရမည့်အလုပ်မှာ ကောင်းမွန်သော စိတ်နှလုံးအားဖြင့်သာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ရာ ကုသိုလ်ရမည့် အလုပ်မျိုးဖြစ်သည်။ ထို့အပြင် ခရီးသွားလာကြသူများအကြား ကောင်းသောသတင်းဖြင့် ထင်ရှားလာပြီး ခရီးစဉ်ဒေသတစ်ခုအဖြစ် အောင်မြင်လာမည်ဆိုပါက ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဒေသခံပြည်သူတို့၏ လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားလာမည်ဖြစ်သည့်အကြောင်း။ ။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ

Ministry of Information / Posted on May 05, 2026

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို...

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video