မိုးကောင်းမြို့နယ် ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / June 01, 2026
image_latest


မိုးကောင်းမြို့နယ် ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး

မိုးကောင်း၊ဇွန် ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့်မြို့နယ်မှတာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် စီမံကိန်းတာဝန်ခံတို့နှင့်အတူ ညောင်တောကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားမှု၊ စာရင်းဇယားများမှန်ကန်စွာရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ထားမှုရှိ၊မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းရန်ပုံငွေများရေရှည်တည်တံ့စေရေး၊ ရန်ပုံငွေဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ကြွေးကျန်မဖြစ်စေရန်နှင့် အတိုးအရင်းများအား သတ်မှတ်ကာလများတွင် အကြေပေးသွင်းနိုင်ရေးကို အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

အဆိုပါ ညောင်တောကျေးရွာ၌ မြစိမ်းရောင်‌ ကျေးရွာအရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်းကို 
၂၀၁၆-၂၀၁ ၇ ဘဏ္ဍာ‌ရေးနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ  ၆၇ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ  ၂၅ ဦး၊ အရောင်းအ ဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦး၊ စုစုပေါင်းအသင်းသား ၁၀၆ ဦးကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၉၉ သိန်းထုတ်ချေးပေးထားကြောင်း မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းထံက သိရသည်။
                                                          နွဲ့ယဥ်

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Transport and Communications / Posted on June 01, 2026

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပေးနှိုးဆော်ချက်

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on June 01, 2026

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Union Civil Service Board / Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

Video