မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ


Ministry of Social Welfare, Relief & Resettlement/ စစ်ကိုင်းတိုင်းဒေသကြီး / January 12, 2026


၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ECCD ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းသူ/ သားများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံသည် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ဝန်ကြီးဌာနများအလိုက် ဥပဒေ၊ နည်းဥပဒေများရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အနီးကပ်ကြီးကြပ်လမ်းညွှန်မှုပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်လည်း ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများရေးဆွဲကာ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကလေးတစ်ဦး၏ အစောဆုံးကာလအချိန်တွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိအောင်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်းနှင့်အညီသင်ကြားပေးနိုင်ရန်၊ ကလေးသူငယ်များအား နည်းမှန်၊ စနစ်မှန် ပြုစုပျိုးထောင်ပေးရန်၊ မူလတန်းကျောင်းများသို့ မဝင်ရောက်မီ ကလေးသူငယ်များကို ကြိုတင်ပြုစုပျိုးထောင်ပေးရန်၊ အရည်အချင်းပြည့်ဝသည့် မူကြိုဆရာမများဖြစ်လာစေရန်၊ သင်ကြားနည်း (၄) နည်းဖြင့် ကလေးများ၏ စွမ်းရည်ကို ဖော်ထုတ်ရန်ဖြစ်ကြောင်း၊ ကလေးတစ်ဦး ဖွံ့ဖြိုးဖို့အတွက် အရေးကြီးဆုံးအချိန်သည် ကလေးဘဝ၏ အစဦးဆုံးကာလနှစ်များသာ ဖြစ်သောကြောင့် အစကောင်းမှ အနှောင်းသေချာဆိုသလို အမျိုးမျိုးသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို နည်းမှန်၊ စနစ်မှန်ဖြင့် စောင့်ရှောက်ပေးကြစေလိုကြောင်း၊ သင်တန်းမှရရှိသည့် အတွေ့အကြုံ ဗဟုသုတ၊ နည်းပညာတွေကို အသုံးချပြီး ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကလေးများအကျိုးကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်သွားကြပါစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမကြီး ဒေါ်ခင်နွဲ့ (ညွှန်ကြားရေးမှူး၊ ငြိမ်း) ထံသို့ ဂုဏ်ပြု‌ချီးမြှင့်ငွေ တစ်သိန်းကျပ်တိတိကိုလည်းကောင်း၊ သင်တန်းသူ/ သင်တန်းသားများကိုယ်စား သင်တန်းသား (၂) ဦးအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ပါသည်။

ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းသား/ သူများမှ အကအလှများဖြင့်လည်းကောင်း ပုံပြင်၊ ပြဇာတ်၊ မူကြိုကဗျာများဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

၎င်းနောက် သင်တန်းသူ/ သားများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on January 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Ministry of Information / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023