မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများ၌ Door to Door ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / December 06, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၆

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် မြေပြင်တစ်အိမ်တက်ဆင်း၍ လိုက်လံကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ နောင်ချိုမြို့ နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်၊ ကာလိမြို့ရှိ ဟိုပန်ကျေးရွာ၊ နမ့်စန်မြို့ နယ်၊ နမ့်စန်ကျေးရွာအုပ်စုရှိ အမှတ်(၁)ကျေးရွာ၊ မိုင်းနောင်မြို့ရှိ နားကန်းကျေးရွာတို့၌လည်းကောင်း Door to Door စနစ်ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းမဲစာရင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုမေးမြန်းကာ မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

Ministry of Transport and Communications / Posted on March 10, 2026

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း

Union Civil Service Board / Posted on March 10, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)

Union Civil Service Board / Posted on March 10, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)

Video