မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော် (၈၅) နှစ်၊ သိက္ခာတော် (၆၅) ဝါ၏ အန္တိမအဂ္ဂိဈာပါနအခမ်းအနား ကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော် (၈၅) နှစ်၊ သိက္ခာတော် (၆၅) ဝါ၏ အန္တိမအဂ္ဂိဈာပါနကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာကို ရွတ်ဖတ်၍ စတင်ခဲ့ပြီး တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဦးဉာဏသိန်း (မန္တလေး) က ဘဝနတ်ထံဝင်စံတော်မူသော သောင်ဦးကျောင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားလျှောက်ထားသည်။

၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဈာပနကော်မတီဥက္ကဋ္ဌ ပေါ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒက သောင်ဦးကျောင်း ဆရာတော်ကြီး၏ တပည့်ရဟန်းသာမဏေများနှင့် ဒါယိကာ၊ ဒါယိကာမများအား ဆရာတော်ကြီးအပေါ်၌ အပြစ်ရှိကခွင့်လွှတ်ပါရန် တောင်းပန်လွှာကို တိုင်တည်ပေးသည်။

ဆက်လက်၍ သောင်ဦးကျောင်းတိုက်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို သံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဒါယိကာ၊ ဒါယိကာမများက ယာယီစံကျောင်းမဏ္ဍပ်သို့ အဆင့်ဆင့်ပင့်ဆောင်ကြသည်။ နေ့လယ်ပိုင်းတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို မြစ်ကြီးနားမြို့အတွင်း ဈာပနလမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခံပြီး လောင်တိုက်တော်၌ အန္တိမအဂ္ဂိဈာပါနပူဇာပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

Ministry of Information / Posted on October 29, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

Ministry of Information / Posted on October 28, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Revenue Appellate Tribunal / Posted on September 19, 2025

အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023