မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ထားဝယ်အကျဉ်းထောင်၊ ထားဝယ်မြို့မရဲစခန်းအချုပ်ခန်း၊ ထားဝယ်ခရိုင်တရားရုံးအချုပ်ခန်းနှင့် ထားဝယ်ဘိုးဘွားရိပ်သာ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 04, 2025
image_latest


နေပြည်တော် ဇူလိုင် ၃

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယမန်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ထားဝယ်အကျဉ်းထောင်ကိုလည်းကောင်း၊ ယနေ့တွင် ထားဝယ်မြို့မရဲစခန်းအချုပ်ခန်း၊ ထားဝယ်ခရိုင်တရားရုံးအချုပ်ခန်းနှင့် ထားဝယ်ဘိုးဘွားရိပ်သာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင်သည် ထားဝယ်အကျဉ်းထောင်၌ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ ကျွေးမွေးမှု၊ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ အကျဉ်းသား၏ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ ယုံကြည်ရာ ကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးနေမှုအခြေအနေများ၊ အကျဉ်း သား အကျဉ်းသူများကို အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိအခြေအနေစသည် တို့ကို မေးမြန်းခဲ့ပြီး ထောင်ဝင်စာလာရောက်တွေ့ဆုံသည့် အကျဉ်းသားမိသားစုဝင်များကို တွေ့ဆုံ၍ အကျဉ်းသားနှင့် တွေ့ဆုံရာတွင် အခက်အခဲရှိ၊ မရှိ၊ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေ မှု ရှိ၊ မရှိစသည်တို့ကို တွေ့ဆုံမေးမြန်းပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူခြောက်ဦးကိုလည်း သီးခြားတွေ့ဆုံမေးမြန်းမှတ်တမ်းတင်ခဲ့သည်။

ဆက်လက်၍ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်း၊ အပြင် မိလ္လာများ သန့်ရှင်းမှုရှိ၊ မရှိစသည်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်က လှူဒါန်းသည်။

ယင်းနောက် ထားဝယ်မြို့မရဲစခန်းအချုပ်ခန်းနှင့် ထားဝယ်ခရိုင်တရားရုံးအချုပ်ခန်းတို့ကို ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိ၊ မရှိအခြေအနေ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား အချုပ်သူများနှင့် တွေ့ဆုံ မေးမြန်းပြီး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ထားဝယ်ဘိုးဘွားရိပ်သာသို့ ရောက်ရှိ၍ ရိပ်သာ၌လက်ခံစောင့်ရှောက်ပေးလျက် ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေနှင့် အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီး အဘိုးအဘွားများအား လူမှုရေးပင်စင်‌ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 04, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Ministry of Information / Posted on July 04, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Union Civil Service Board / Posted on July 03, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023