မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဘုရားငါးဆူကုန်ထုတ်အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်းများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဘုရားငါးဆူကုန်ထုတ်အကျဉ်းစခန်း၊ ရဲစခန်းအချုပ်ခန်းများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 21, 2026
နေပြည်တော် မတ် ၂၀
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ ဘုရားငါးဆူ ကုန်ထုတ်အကျဉ်းစခန်းနှင့် သာစည်မြို့မရဲစခန်းအချုပ်ခန်းသို့လည်းကောင်း၊ မတ် ၁၉ ရက်တွင် မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာမြို့မရဲစခန်းအချုပ်ခန်း၊ အမှတ် (၂) နယ်မြေရဲစခန်း အချုပ်ခန်းနှင့် မိတ္ထီလာဘိုးဘွားရိပ်သာသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဘုရားငါးဆူကုန်ထုတ်အကျဉ်းစခန်းကို ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ်အကျဉ်းသားများကို အိပ်ဆောင်၌ စုစည်းတွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှုအခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အချိန်ပိုအလုပ်ဆင်းစေမှုရှိ မရှိ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ရှိ၊ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ အခြေအနေတို့ကိုမေးမြန်းကာ အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်းအပြင် မိလ္လာများသန့်ရှင်းမှု ရှိ၊ မရှိနှင့် ထောင်ဝင်စာတွေ့ဆုံသည့်နေရာ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးလျက် ယခင်အကြံပြုချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှုများကိုလည်း လှည့်လည်စစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ပေးအပ်လှူဒါန်းသည်။
မိတ္ထီလာဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေးစဉ်ရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များ၌ သွားရောက်တွေ့ဆုံပြီး ကျန်းမာရေးစောင့်ရှောက် ပေးနေမှု၊ အစားအစာနှင့်အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသောသောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ် နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖို ဆောင်များ ကျန်းမာရေးနှင့် ညီညွတ်အောင်ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ အသက် (၈၅) နှစ်ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေး ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
သာစည်မြို့မ ရဲစခန်းအချုပ် ခန်း၊ မိတ္ထီလာမြို့မရဲစခန်းအချုပ် ခန်းနှင့် အမှတ်(၂)နယ်မြေရဲစခန်း အချုပ်ခန်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အချုပ်သားများအား ချုပ်မိန့်မရှိဘဲ ၂၄ နာရီ ကျော်လွန်ချုပ်နှောင်မှု ရှိ၊ မရှိ၊ အချုပ်သားများ၏ ရမန်ကာလအခြေအနေ၊ အချုပ်သားများထံမှ သိမ်းဆည်းထားသော ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းထားခြင်း ရှိ၊ မရှိ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုအခြေအနေ၊ အချုပ်ခန်းများအတွင်း မိလ္လာသုံးစွဲမှုနှင့် တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့်တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့ကို အချုပ်သား တစ်ဦးချင်းအား တွေ့ဆုံမေးမြန်း ပြီး အချုပ်ခန်းများ၏ သန့်ရှင်းမှု၊ အလင်းရောင်ရရှိမှုနှင့် လေဝင် လေထွက်ကောင်းမွန်မှု ရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်စွာ ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်ရေးအတွက် သက် ဆိုင်ရာဌာနများသို့ ကော်မရှင် ဥပဒေနှင့်အညီ အကြံပြုပေးပို့သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
