မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်စေဖို့၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတည်ငြိမ်လုံခြုံမှုရှိဖို့က အရေးကြီးပါတယ်


Ministry of Information/ Naypyitaw / June 26, 2025
image_latest


Mr.Harishchandra Ghimire နီပေါသံအမတ်ကြီး

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေးသုံးသပ်ဆွေးနွေးပွဲ (Peace Forum 2025) ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှစတင်၍ သုံးရက်တာကျင်းပလျက်ရှိသည်။ အဆိုပါသုံးသပ်ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ သံရုံးများမှတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လေ့လာသုံးသပ်သူများ ပါဝင်တက်ရောက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်-

Mr.Harishchandra Ghimire

နီပေါသံအမတ်ကြီး

မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ အချက်ကတော့ နိုင်ငံရေးပညာရှင်တွေ အားလုံးသက်ဆိုင်ရာကဏ္ဍအားလုံးမှာ ပါဝင်ဖို့လိုအပ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်စေဖို့၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတည်ငြိမ်လုံခြုံမှုရှိဖို့က အရေးကြီးပါတယ်။ ဒီနေ့ ကျင်းပတဲ့ဖိုရမ်မှာ နိုင်ငံတကာက ပညာရှင်တွေ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက ပညာရှင်တွေ ဖိတ်ကြားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးအကြံပြုကြမယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအခြေအနေမှာ ပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံကို ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ဖို့က အဓိကဖြစ်တဲ့အတွက် သဘောထားအမြင်တွေ ကွဲပြားမှုဘယ်လိုရှိနေပါစေ၊ ဒီလိုငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ပေးကြဖို့ အရေးကြီးပါတယ်။ ပြီးတော့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အားလုံး ချောမွေ့ဖို့လိုအပ်ပြီး ဒီလိုရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ဆက်ပြီးရှေ့ကို သွားနိုင်မှာဖြစ်ပါတယ်။

ဦးခေါတိန့်

ပါတီအတွင်းရေးမှူး၊ ဒီမိုကရေစီပါတီသစ်(ကချင်)

ဒီနေ့ကျင်းပတဲ့ဖိုရမ်က နိုင်ငံတော်ဖွံ့ဖြိုး​ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲအတွက် ခြေလှမ်းသစ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က နိုင်ငံရေးပါတီအနေနဲ့ ပါဝင်ဆွေးနွေးသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် စီးပွားရေး တွေ ဆုံးရှုံးတယ်။ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်အတွင်းမှာဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် တရားဥပဒေစိုးမိုးမှုမရှိတော့ ပြည်သူတွေက အဲဒီဒဏ်ကို ခါးသီးစွာခံစားနေကြရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက နယ်မြေတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းပြီး ပြည်နယ်အတွင်းမှာရှိတဲ့ သယံဇာတတွေကို တရားမဝင် ထုတ်ယူရောင်းချပြီး လက်နက်တွေ ဝယ်ယူကြတယ်။ ဒေသခံ တွေရဲ့ ဘဝကတော့ အတိဒုက္ခရောက်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ သဘောထားကတော့ ငြိမ်းချမ်းချင်တယ်၊ တရားဥပဒေစိုးမိုးစေချင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲလုပ်စေချင်တယ်။ ရွေးကောက်ပွဲလုပ်မှပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေက လွှတ်တော်ကို ရောက်လာပြီး ကျွန်တော်တို့ဒေသရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်။ ပြည်သူအားလုံးက မဲဆန္ဒရှင်တွေဖြစ်တယ်၊ လက်နက်ကိုင်တိုင်းရင်းသား ဖြစ်ဖြစ်၊ တိုင်းရင်းသားပြည်သူအားလုံးဖြစ်ဖြစ် ဆန္ဒမဲပေးသင့်တယ်။ ဒါမှသာအချင်းချင်း ပိုယုံကြည်အားကိုးလာမယ်။ လက်ရှိမှာမဲဆန္ဒရှင်နဲ့ မဲဆန္ဒနယ်တွေ မပျောက်ဆုံးဖို့ပါပဲ။ ဒါကြောင့် တည်ငြိမ်အေးချမ်းဖို့နဲ့ မဲဆန္ဒနယ်တွေ ပျောက်ဆုံးမသွားဖို့ အခုလိုဆွေးနွေးညှိနှိုင်းနေရတာ ဖြစ်ပါတယ်။

ဒေါက်တာ ညိုညိုသင်း

လွှတ်တော်ကိုယ်စားလှယ်ဟောင်း

ဒီဖိုရမ်က ပြီးခဲ့တဲ့မတ်လက ကျင်းပတဲ့ Peace Talk ရဲ့ အဆက်ဖြစ်ပါတယ်။ Peace Talk မှာ ရခဲ့တဲ့ တိုးတက်မှုတွေကိုအခြေခံပြီး ဒီဖိုရမ်ကို ကျင်းပတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေက အပစ်အခတ်ရပ်စဲမှုတွေ လုပ်ပေမယ့် မြေပြင်မှာက ပဋိပက္ခတွေ ဆက်ဖြစ်နေတာမို့ ငြိမ်းချမ်းရေးတံခါးကို ဆက်ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးတံခါး ဖွင့်ထားပြီး လက်နက်ကိုင်တိုက်ပွဲတွေအစား၊ လက်နက်ကိုင် နည်းလမ်းအစား စကားဝိုင်းဆွေးနွေးပွဲတွေ ကျင်းပလာနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဆွေးနွေးပွဲစကားဝိုင်းတွေ ဖြစ်လာဖို့အတွက် ဒီနေ့ကျင်းပတဲ့ဖိုရမ်က အစကနဦးခြေလှမ်းဖြစ်ပါတယ်။ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ပြည်တွင်းအုပ်စုတွေ အားလုံးကပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုရရှိမှာ ဖြစ်ပါတယ်။

Mr.Jaideep Mazumdar

သံအမတ်ကြီး(အငြိမ်းစား)၊ အိန္ဒိယဖောင်ဒေးရှင်း

ငြိမ်းချမ်းမှုနဲ့လုံခြုံမှုရှိရင် စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ လူနေမှုဘဝတွေမြင့်တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ဆိုရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက အခြေခံအကျဆုံးအချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အဓိကအရေးကြီးဆုံးအချက်က ငြိမ်းချမ်းရေးနဲ့လုံခြုံရေးပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ကို တပ်မတော်အနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်စေချင်တယ်။ ဒါ့အပြင် သူတို့ရဲ့အခွင့်အရေးကို အပြည့်အဝကာကွယ်နိုင်တဲ့ အခွင့်အရေး ရရှိလိုကြတယ်။ ဖိုရမ်တက်ရောက်လာကြတဲ့ မြန်မာနိုင်ငံနိုင်သားတွေက အိန္ဒိယလိုမျိုး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် အတွေ့အကြုံရှိတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်၊ ဆွေးနွေးချက်တွေကို လေ့လာကြမယ်။ ကျွန်တော်တို့တွေဟာ မြို့ပြစနစ်ဖြစ်ထွန်းမှုတွေ၊ မတူကွဲပြားမှုတွေနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတဲ့ အသိပညာ၊ ဗဟုသုတတွေကို မျှဝေပေးကြမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ပြီး အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။

Dr.Lorenzo Pacini

Associated Professor SUPDI University-Distance Learning Private University School Zug, Switzerland၊ အီတလီနိုင်ငံသား

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် သဘောတူညီထားတဲ့အချက်တွေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ တူညီတဲ့နိုင်ငံရေးရပ်တည်ချက်ရှိဖို့လည်း လိုပါတယ်။ မြန်မာ့ဒီမိုကရေစီစနစ်ဟာ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီစနစ်ကို ပုံတူကူးချယူလို့မရပါဘူး။ နိုင်ငံတကာငြိမ်းချမ်းရေးဖော်ဆောင်သူတွေနဲ့ ဒေသတွင်းမိတ်ဖက် နိုင်ငံတွေကိုဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စကားဝိုင်းဆွေးနွေးမှုတွေကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာသုတေသီတွေက ဝိုင်းဝန်းအဖြေရှာပြီးတော့ အစိုးရအဖွဲ့ကို သင့်လျော်ကောင်းမွန်တဲ့အကြံဉာဏ်ကို အထောက်အကူပြု ပေးအပ်သွားနိုင်ဖို့ လိုပါတယ်။ ဘက်လိုက်မှုမရှိဘဲ မျှတတဲ့အမြင်တွေကို ဖော်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီကနေဘုံသဘော တူညီချက်တွေကို ချမှတ်သွားရမှာ ဖြစ်ပါတယ်။ ဒါကတော့ နောက်ဆုံးအဖြေ တစ်ခုကိုရဖို့အတွက် ပထမခြေလှမ်း ဖြစ်ပါတယ်။ ဘုံအကျိုးစီးပွားတွေကပဲ အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။

သတင်းအဖွဲ့

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on June 25, 2025

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့်...

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on June 25, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023