မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့်ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့်ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / April 17, 2026
ဘားအံ ဧပြီ ၁၇
မြန်မာတိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတစ်ရပ်အနေဖြင့် နှစ်သစ်မင်္ဂလာမြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ သက်ကြီးဘိုးဘွားများကိုပူဇော်ကန်တော့ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ သက်ကြီးပူဇော်ပွဲနှင့်ဇီဝိတဒါနငါးလွှတ်ပွဲကို ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၄၄)ဦး၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီနာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီး များ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပြည်နယ်ဝန်ကြီးချုပ်ကနှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာများက အဘိုးအဘွား များအား ပူဇော်ကန်တော့ငွေနှင့်လှူဖွယ်ပစ္စည်းများပေးအပ်လှူဒါန်းကြရာ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုံးမဩဝါဒ နှင့် ဆုပေးစကား ပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ဘားအံမြို့ပေါ်ရှိ ရပ်ကွက်(၉)ခုမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် အလှူငွေကျပ် ၅၀၀၀ဝိ/-(ငါးသောင်း)၊ လှူဖွယ်ပစ္စည်းတန်ဘိုးကျပ် ၄၃၀၀ဝိ/-(လေးသောင်းသုံးထောင်) စုစုပေါင်းကျပ် ၉၃၀၀ဝိ/-(ကိုးသောင်းသုံးထောင်)နှုန်းဖြင့် ဘိုးဘွား(၂၄၇)ဦးအတွက် စုစုပေါင်းငွေကျပ် ၂၂၉၇၁၀၀ဝိ/-(နှစ်ရာနှစ်ဆယ့် ကိုးသိန်းခုနှစ်သောင်းတစ်ထောင်ကျပ်)ကိုပြည်နယ်အစိုးရအဖွဲ့မှလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က အခမ်းအနားသို့တက်ရောက်လာသော ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ငါးထောင်စီကိုလည်းကောင်း အသီးသီးစုပေါင်းလှူဒါန်းခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းနောက် မြန်မာနှစ်ဆန်း(၁)ရက်နေ့ကရင်ပြည်နယ် ဇီဝိတဒါနငါးလွှတ်ပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာရေပြင် Decking ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ကြီးအဘိုး/ အဘွားများက နှစ်လက်မအောက်ခံအရွယ်ရှိ ငါးခုံးမကြီးကောင်ရေ နှစ်သောင်းခွဲ၊ ငါးမြစ်ချင်းကောင်ရေ နှစ်သောင်းခွဲ စုစုပေါင်းကောင်ရေငါးသောင်းကို ကန်သာယာအတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပေးခဲ့ကြပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
