မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်နှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်


Ministry of Information/ Naypyitaw / April 10, 2026
image_latest


၁။      မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁၃ ရက်နေ့မှ နှောင်းကဆုန်လဆန်း ၁ ရက်နေ့သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန် အခါတော် ဖြစ်ပါသည်။

၂။       ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရှင်ပြုရဟန်းခံအလှူမင်္ဂလာများ ကျင်းပခြင်းနှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်း စသောမင်္ဂလာအမှုတို့ကို ပြုမြဲဖြစ်ပါသည်။

၃။      ထို့အပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေးများရှိခဲ့ပါက ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်းမွှေးပျံ့သင်းသည့် နံ့သာရည်များကို သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်းရှိပါသည်။

၄။      သို့သော် လူငယ်တို့သဘာဝအပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရဖြစ်စေခြင်း၊ တစ်ဖက် သား မခံမရပ်နိုင်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ်ကျရောက်ခြင်း စသည့်အမင်္ဂလာများလည်း သက်ရောက် တတ်ပါသည်။

၅။      ထို့ကြောင့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို အောက်ပါရည်ရွယ်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါသည်-

(က)    မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊

(ခ)     ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊

(ဂ)     ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြစေရန်၊

(ဃ)    မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်။

၆။      သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သောရည်ရွယ်ချက်များကို ထိန်းသိမ်းသောအားဖြင့် အောက်ပါတို့ကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်-

(က)    မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြပါရန်၊

(ခ)     ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြပါရန်၊

(ဂ)     သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ကြပါရန်၊

(ဃ)    သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ကြပါရန်၊

(င)     မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်၊

(စ)     မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန် များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ရှောင်ကြဉ်ကြပါရန်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Revenue Appellate Tribunal / Posted on April 09, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

Ministry of Transport and Communications / Posted on April 03, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

Video