မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / May 23, 2026
နေပြည်တော် မေ ၂၂
မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပဆောင်ရွက်နိုင်ရေးနှင့် ကျေးလက်နေအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ အမျိုးသမီးအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများအတွက် ပညာသင်ကြားနိုင်ရေး၊ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ရရှိနိုင်ရေး၊ နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးတို့အတွက် ကျေးရွာ ၆၀ ကျော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသည်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းမှု နှစ် (၃၀) ပြည့်အခမ်းအနားဖြစ်သည့်အတွက် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားနှင့် အကြိုလှုပ်ရှားမှုများကို ခမ်းခမ်းနားနားကျင်းပပြုလုပ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌများနှင့် အစည်းအဝေးတက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

