မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် မြို့များသို့ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲ
Ministry of Information/ Naypyitaw / April 25, 2026
နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် L-410 လေယာဉ်ငယ်များဖြင့် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်အတွင်းရှိ မာန်အောင်မြို့နှင့် ကျောက်ဖြူမြို့များသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်လေဆိပ်ကို အခြေပြု၍ ထားဝယ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့များသို့လည်းကောင်း ယနေ့နံနက်ပိုင်းမှ စတင်ပျံသန်းပြေးဆွဲလျက်ရှိသည်။
လေယာဉ်ခရီးစဉ်ပျံသန်းမှုများအနေဖြင့် ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-ရန်ကုန်ခရီးစဉ်အား ယနေ့နံနက် ၈ နာရီ တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ အလားတူ မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ်ခရီးစဉ်အား ယနေ့နံနက် ၈ နာရီတွင် မြိတ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး နံနက် ၁၀ နာရီခွဲတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 24, 2026
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
