မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်
Ministry of Information/ Naypyitaw / April 13, 2026
နေပြည်တော် ဧပြီ ၁၃
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြမည်ဖြစ်ပြီး ယနေ့တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော်မြန်မာ့ရိုးရာအတာသင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။
အဆိုပါ နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်သို့ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် မိသားစုဝင်များ၊ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ယိမ်းအကအဖွဲ့များနှင့် ပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်သို့ ရောက်ရှိကြရာ ဒုတိယသမ္မတများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက မြန်မာ့ရိုးရာအတာတေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အခမ်းအနားတက်ရောက်လာကြသူများ၊ ယိမ်းအကအဖွဲ့များအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပက်ဖျန်းပေးသည်။
၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြို့တော်ဝန်မဏ္ဍပ်မှ နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့် နေပြည်တော်ရင်ပြင်သို့ သွားရောက်ရာလမ်းတစ်လျှောက်၌ ယိမ်းအကအဖွဲ့များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်တို့က နေပြည်တော်လမ်းလျှောက်သင်္ကြန် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်၊ ထမနဲမဏ္ဍပ်များအား လိုက်လံကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နေပြည်တော်ရင်ပြင်အတွင်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုဇုန်နှင့် ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များအား လှည့်လည်ကြည့်ရှု၍ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပြည်သူများနှင့်အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယခုနှစ် မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားလုံးပူးပေါင်း၍ မြန်မာ့ရိုးရာအနှစ်သာရကို ပေါ်လွင်စွာဖြင့် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ အနုပညာရှင်အဖွဲ့များက ပါဝင်ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်ကြောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်၊ ထမနဲမဏ္ဍပ်များကိုလည်း ထည့်သွင်းထားသည့်အတွက် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာအစားအစာများကို ကမ္ဘာကသိရှိစေနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဝန်ကြီးဌာနများအလိုက် ရေကစားမဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်များ၌ စတုဒီသာအကျွေးအမွေးများဖြင့်လည်း ဧည့်ခံကျွေးမွေးလျက်ရှိရာ ပြည်သူများအနေဖြင့် စိတ်လက်ချမ်းသာပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို စည်ကားများပြားစွာ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
