မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ်မှသည် နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ကျားကောင်ရေတည်တံ့မှုကို အထောက်အကူပြုနိုင်
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ်မှသည် နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ကျားကောင်ရေတည်တံ့မှုကို အထောက်အကူပြုနိုင်
Ministry of Information/ Naypyitaw / July 27, 2025

ရန်ကုန် ဇူလိုင် ၂၆
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ဇူလိုင် ၂၀ ရက်က မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ်မှသည် နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ကျားကောင်ရေတည်တံ့မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ကျားထိန်းသိမ်းရေးဖိုရမ်တွင် ကျားကျက်စားရာနိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်တက်ရောက်ခဲ့သည်။ ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့စွဲဖြင့် ကျားတံဆိပ်ခေါင်းပူးတွဲ ထုတ်ဝေမည့် သဘောတူညီမှုကိုရရှိခဲ့သည်။ မြန်မာနိုင်ငံက အတည်ပြုထားသည့် ကျားတံဆိပ်ခေါင်းသုံးခုအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ တံဆိပ်ခေါင်းထုတ်ဝေမည့် MARKA သို့ ပေးပို့ခဲ့၍ မြန်မာနိုင်ငံ၌ ဇူလိုင် ၂၀ ရက်တွင် နေပြည်တော်စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ စာတိုက်များတွင် တစ်ပြိုင်တည်း ထုတ်ဝေရောင်းချခဲ့ခြင်းဖြစ်သည်။
တံဆိပ်ခေါင်း သုံးခုပေါ်၌ မြန်မာ့ကျားပုံနှင့်အတူ မြန်မာ-ရုရှား နှစ်နိုင်ငံအလံအမှတ်တံဆိပ်ပါရှိပြီး ဇူလိုင် ၂၀ ရက် (တနင်္ဂနွေနေ့) တွင် ထုတ်ဝေသည့်အတွက် ထိုနေ့စွဲအမှတ်အသားကိုလည်း စာပို့တံဆိပ်ခေါင်းပေါ်၌ ရိုက်နှိပ်ထားသည်။
“ကျားထိန်းသိမ်းရေးဆိုတာ တစ်နိုင်ငံတည်း ထိန်းသိမ်းလို့ရတာမဟုတ်တဲ့အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားမယ်ဆိုရင် မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ကိုလည်း တားဆီးနိုင်မှာပါ။ ရုရှားနိုင်ငံနဲ့ နည်းပညာပိုင်းဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျားကောင်ရေတည်တံ့မှုကို အထောက်အကူဖြစ်စေမှာ အမှန်ပါ” ဟု တနင်္သာရီ သဘာဝကြိုးဝိုင်းဦးစီးအရာရှိ ဦးငြိမ်းအောင်က ပြောသည်။
မြန်မာ-ရုရှားနှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ၂၀၀ ကျပ်တန် သုံးခုပါ စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေနိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တိရစ္ဆာန်ဥယျာဉ်၊ ဟူးကောင်းနှင့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် ရိုက်ကူးခဲ့သောပုံများနှင့် ကင်မရာထောင်ချောက်များမှ ရိုက်ကူးခဲ့သော ကျားပုံများကို အသုံးပြု၍ ကျားတံဆိပ် ခေါင်း ၂၆ ခု ဒီဇိုင်းရေးဆွဲခဲ့ပြီး အဆိုပါဒီဇိုင်းများမှ သုံးခုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥဿ၊ ဓာတ်ပုံ - ကိုကိုလွင်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on July 27, 2025
၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီးထုတ်ပြန်ကြေညာသည်။
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on July 24, 2025
အများပြည်သူသို့ အသိပေးကြေညာချက်
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း