မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာ၌ “Hao Yuan” ရော်ဘာသစ်ခွဲသားစက်ရုံ မီးလောင်မှု


Ministry of Foreign Affairs/ နေပြည်တော် / April 22, 2026


    ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာ၌ ပိုင်ရှင် တရုတ်နိုင်ငံသား MR. ZHU QIBIN (၄၀)နှစ်၏ “Hao Yuan” ရော်ဘာသစ်ခွဲသား စက်ရုံတွင် အသုံးပြုရန် 92 ဆီပီပါမှ ကော်ပိုက်ဖြင့် ဆီဖလှယ်စဉ် တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်၊ မြို့နယ်မီးသတ်စခန်း၊ သံဖြူဇရပ်မြို့နယ်မီးသတ်စခန်း၊ မုဒုံမြို့နယ်မီးသတ်စခန်း၊ ကမာဝက်နယ်မြေမီးသတ်စခန်း၊ ဈေးကြိုနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၇ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

    အဆိုပါ မီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ အုတ်ညှပ် နှစ်ထပ် ရုံးခန်း တစ်ခန်း၊ ၄၀ x ၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း ပစ္စည်းသိုလှောင်ရုံ တစ်ရုံ၊ ၂၅ ဂါလန်ပါ 92 ဓာတ်ဆီပီပါ ၂ လုံး၊ ၂၅ ဂါလန်ပါ ဒီဇယ်ပီပါ ၂၂ လုံး၊ 700 Kg သစ်ပါးလွှာ ၂၀ စည်း၊ BGO-17/2L-1700 LIFAN A6 အပြာရောင် မော်တော်ယာဉ်၏ ခေါင်းခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စက်ရုံမန်နေဂျာ ဦးကျော်စိုးဦးနှင့် စက်ရုံလုပ်သား ဦးကျော်သက် တို့အား မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video