ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / April 23, 2026
image_latest


ရန်ကုန်၊ ဧပြီ ၂၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၂၂) ရပ်ကွက် ၌ ကျင်းပသည်။

          အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ တိုင်းဦးစီးမှူးက ယခုသင်တန်းသည် ရက်(၁၀၀)အတွင်း လုပ်ငန်းရှင်(၁၀၀) ပေါ်ပေါက် လာစေရေး စီမံချက်လုပ်ငန်းများမှ (၁)ခုအပါအဝင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဝင်ငွေတိုး စီမံကိန်းသည် ပုံမှန်သင်ကြားပေးသည့် သင်တန်းများနှင့်မတူဘဲ လုပ်ငန်းထူထောင်မည့်သူ(၅)ဦး ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာ ရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်‌ငွေတိုးစီမံကိန်း(၂၀)ခု ဆောင်ရွက်ရန်လျာထားရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းမှာပထမဦးဆုံးဖြစ်ပါကြောင်း၊ ဝင်ငွေတိုး စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်ဘဏ္ဍာရေးနှစ်များမှ ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ခဲ့သည့် လုပ်ငန်းရှင်များ သည် ယခုအချိန်တွင် အောင်မြင်မှုများရရှိနေပါကြောင်း၊ ထို့ကြောင့်ယခုသင်တန်း တက်ရောက် လာသူများအနေဖြင့် စိတ်ပါဝင်စားစွာ တက်ရောက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ(၁၅)ဦးအား ရင်စေ့/ရင်ဖုံး အင်္ကျီချုပ်နည်း၊ သုံးလွှာစကပ်ချုပ်နည်း၊ ချိတ်စကပ်ချုပ်နည်းနှင့် ကလေးဝတ်အင်္ကျီ၊ ဘောင်းဘီ ချုပ်နည်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဧပြီလ (၂၂) ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့ အထိ (၁)လခွဲကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံး ပစ္စည်းများသုံးစွဲခွင့်ပေးသွားမည်ဖြစ်ပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video