ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / October 20, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ Nissan Diesel (၁၂)ဘီးယာဉ်အား ဝင်ရောက်တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆၁)ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းအတိုင်း တောင်မှမြောက်သို့ တိုက်ကြီးမြို့နယ်၊ အင်းကုလားရပ်ကွက်နေ ရဲထွဋ်ဇော်(၃၄)နှစ် မောင်းနှင်လာသော ဆိုင်ကယ်သည် ဗောဓိကုန်းရပ်ကွက်၊ ဗောဓိကုန်း(၆)လမ်းအလွန် မိုင်တိုင်အမှတ် ၄၉ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အရှေ့ရိုးကြီးရပ်ကွက်နေ လင်းလင်းထွန်း(၃၆)နှစ် မောင်းနှင်လာသော BGO-28 9P/XXXX Nissan Diesel (၁၂)ဘီး စိမ်း/နီရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ရဲထွဋ်ဇော်တွင် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ရဲထွဋ်ဇော်အား တိုက်ကြီးမြို့မရဲစခန်း ယာဉ်(ပ)၁၆/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Announcement
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း
Ministry of Information / Posted on October 19, 2025
၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on October 16, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on October 17, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း