ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ 


Ministry of Home Affairs/ နေပြည်တော် / November 15, 2025


     ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်။

     ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ပန်းခြံတွင် စိုက်ထူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တစ်ခု၊ ဗိုလ်ကံညွန့်ရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် ဇမ္ဗူဒိပ်လမ်းထောင့်တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ဆိုင်းဘုတ် တစ်ခု၊ သုမင်္ဂလာရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် သုမင်္ဂလာလမ်းထောင့်(ဇဝနလမ်းဆုံ)တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီ ဆိုင်းဘုတ် တစ်ခုနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် တစ်ခုတို့အား ဖြိုလှဲဖျက်ဆီးနေကြောင်း သတင်းအရ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သည့် တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်နေ ရွှေလင်းဦး(၂၀)နှစ်နှင့် ဗိုလ်ကံညွန့်ရပ်ကွက်နေ ခိုင်မင်းကို(၂၀)နှစ်တို့ နှစ်ဦးအား ယင်းနေ့ နံနက် ၃ နာရီ ၁၀ မိနစ်တွင် အခင်းဖြစ်နေရာအနီး ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင်လမ်း၌လည်းကောင်း၊ ရန်အောင်ရပ်ကွက် နေသူများဖြစ်ကြသည့် စွမ်းထက်အောင်(၁၉)နှစ်အား နံနက် ၄ နာရီ ၅ မိနစ်တွင် ရန်အောင်ရပ်ကွက်၊ ရန်အောင်လမ်းရှိ ၎င်း၏အဒေါ်ဖြစ်သူ နေအိမ်မှလည်းကောင်း၊ ချစ်လင်းကို(၂၈)နှစ်အား နံနက် ၅ နာရီတွင် ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူကျက်သရေဆောင်လမ်းရှိ ၎င်း၏အသိဖြစ်သူ နေအိမ်မှလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

     ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုနိုင် စေရန် စိုက်ထူထားသော ပါတီကိုယ်စားလှယ်လောင်းများ၏ ပါတီဆိုင်းဘုတ်များအား ဖျက်ဆီးပြီး ခြိမ်းခြောက်ဟန့်တားခြင်းများ ပြုလုပ်ခဲ့သူ ချစ်လင်းကို ပါ လေးဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၂၃၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Ministry of Cooperatives and Rural Development / Posted on November 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023