ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၌ စားသောက်ဆိုင် မီးလောင်မှု 

Ministry of Home Affairs/ နေပြည်တော် / December 29, 2025

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၃ နာရီ ၁၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမနှင့် ရဲရန်အောင် လမ်းထောင့်ရှိ စုမြတ် စားသောက်ဆိုင် ၄၀ x ၆၀ ပေ၊ Steel Structure နှစ်ထပ် အဆောက်အအုံ၏ အောက်ထပ်မီးဖိုခန်းအတွင်း မီး‌မွှေးနေစဉ် ဂက်စ်အိုးယိုစိမ့်မှုဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါ မီးလောင်မှုကြောင့် ၄၀ x ၆၀ ပေ၊ Steel Structure နှစ်ထပ် အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်မန်နေဂျာ ဇင်မင်းသူ အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။

Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။

Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023