ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာ၌ စားသောက်ဆိုင် မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / February 04, 2026

     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လသာကုန်းကျေးရွာ၌ ပိုင်ရှင် ဒေါ်ဝေဝေဖူး(၃၄)နှစ်၏ ၃၅ x ၉၀ ပေ၊ သွပ်မိုး၊ RC နှစ်ထပ် “Cheer” စားသောက်ဆိုင်အပေါ်ထပ်ရှိ ၁၂ x ၁၂ ပေ အခန်းအတွင်း သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးမှ အပူလွန်ကဲပြီး မီးပွားထွက်ကာ အောက်ရှိ ဆိုဖာပေါ်သို့ မီးပွားကျ၍ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် များသည် မီး သတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၂ x ၁၂ ပေ အခန်းအတွင်းရှိ ဆိုဖာ တစ်စုံ၊ Air-Con တစ်လုံး၊ နံရံကပ် ဖော့များ၊ မီးသီးများ၊ ဝိုင်ယာကြိုးများ၊ ဆောင်းဘောက် နှစ်လုံး၊ ၃၂ လက်မ TV တစ်လုံးနှင့် မျက်နှာကြက် အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စားသောက်ဆိုင်အလုပ်သမား သန့်ဇင်လင်း အား တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အ ရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

Ministry of Information / Posted on February 04, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on February 04, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on February 04, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023