ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ မော်တော်ယာဉ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 08, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ နာရီ ၅၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်း၊ စိန်ပန်းလမ်းရှိ တော်ဝင်ထွန်းပဒေသာကုန်စည် ပို့ဆောင်ရေးကားဂိတ်ရှေ့တွင် ယာဉ်မောင်း ဦးမျိုးနိုင်ဌေးမှ ယာဉ်အမှတ် AYY-7/3L-XXXX ISUZUE  အဖြူရောင် ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်ပေါ်တွင် ကားသော့ဖွင့်၍ ဖုန်းအားသွင်းထားစဉ် ပလတ်ခုံ အပူလွန်ကဲပြီး ဝိုင်ယာကြိုးများ အရည်ပျော်ကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ကြာဇံ ၁၀ ပိဿာထုပ် ၅ ထုပ်၊ My Crush မုန့် အထုပ် ၂၀ ပါ ၁၄ ထုပ်၊ စက္ကူဖာ ၁၀ ဖာနှင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ဘေးတံခါးမှန် နှစ်ချပ်နှင့် ထိုင်ခုံ နှစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးမျိုးနိုင်ဌေး(၃၆)နှစ်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on February 08, 2026

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 05, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 02, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023