ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


Ministry of Information/ Naypyitaw / February 28, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီးရှိ Good Brother’s Co.,Ltd. လယ်ယာသုံး စက်ကိရိယာထုတ်လုပ်ရေးစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စက်ရုံလည်ပတ်ထုတ်လုပ်နေမှု၊ လယ်ယာသုံးစက်ကိရိယာ များထုတ်လုပ်ခဲ့မှု၊ ထုတ်လုပ်ရန်လျာထားမှုတို့နှင့် စပ်လျဉ်း၍တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက နယ်မြေဒေသအလိုက် တောင်သူများလိုလားချက်နှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများကို ပြည့်စုံလုံလောက်စွာထုတ်လုပ်ပေးနိုင်ရန်၊ လယ်ယာ လုပ်သားရှားပါးမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရန် ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း အင်ဂျင်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်နေမှု၊ ကျေးလက်ဒေသလယ်ယာလုပ်ငန်းခွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး သုံးဘီးသယ်ပို့ ယာဉ်များတပ်ဆင်ထုတ်လုပ်နေမှု၊ စက်ရုံမှထုတ်လုပ်သည့်စက်ယာဉ်များကို စံချိန်စံညွှန်းနှင့်ကိုက်ညီမှု ရှိ၊မရှိ စမ်းသပ်မောင်းနှင်စစ်ဆေးနေမှုနှင့် ဈေးကွက်သို့တင်ပို့ရန် ထုပ်ပိုးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် Vinny Co.,Ltd.မှ ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့်ဖြန့်ဖြူးမည့် တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Drum Seeder) ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူးများနှင့်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ စိုက်ပျိုးရေရရှိရေး အစီအမံများ၊ စာရင်းဇယားကိန်းဂဏန်းအချက်အလက် တိကျမှန်ကန်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရေသိုးရေလှောင်တမံထိခိုက်ခဲ့မှုကို ပြန်လည်ပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေသိုးရေလွှဲဆည်တို့ကို ကြည့်ရှုစစ်‌ဆေးပြီး ငလျင်ဒဏ်၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိစေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးနှင့် နွေစပါးလျာထား စိုက်ဧကများကို လုံလောက်စွာရေပေးဝေနိုင်ရေး ဆွေးနွေးမှာကြားသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Ministry of Information / Posted on February 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Video