ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ High-way Complex အိမ်ယာဝင်းရှေ့၌ မော်တော်ယာဉ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 22, 2026


    ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်း၊ High-way Complex အိမ်ယာဝင်းရှေ့၌ ကြည့်မြင်တိုင်မှ ကမာရွတ်ဘက်သို့ ယာဉ်မောင်း ဦးသက်ဝင်း(၄၂)နှစ် မောင်းနှင်လာသော YGN-19/BB-7347 KIA CERATO အမျိုးအစား အနီရောင် မော်တော်ယာဉ်သည် EFI ပန့်သို့ ဆီဝင်သည့်ဆီပိုက်ပေါက်ပြီး အိတ်ဇောပေါ်သို့ ဓာတ်ဆီများကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

    အဆိုပါ မီးလောင်မှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ရှေ့မီးကြီး နှစ်လုံး၊ ဘက်ထရီ၊ ကားအတွင်းခန်း Dashboard နှင့် ထိုင်ခုံများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးသက်ဝင်း အား ကမာရွတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video