ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်း၌ Taxi သမား များနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစား လုပ်ကိုင်သူများအား စိစစ်အရေးယူထား


Ministry of Home Affairs/ နေပြည်တော် / May 11, 2026


     ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း၌ လူမိုက်များသည် လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ Taxi သမားများနှင့် ခရီးသည် များထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုများ ရှိနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ပြည်သူများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် နယ်မြေသတင်း ရယူစုံစမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေ ၉ ရက် မွန်းလွဲပိုင်းတွင် ဇော်လင်းထွန်း(ခ)တာတီး(၄၈)နှစ်(ဘ)ဦးထွန်းရွှေ အား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီး၌ လည်းကောင်း၊ စိုးသီဟ(ခ) ချစ်သား(၃၈)နှစ်(ဘ)ဦးကြည်ဝင်း အား မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ ခရေပင်လမ်းနှင့် အမှတ်(၃)လမ်းဆုံအနီး၌ လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိသူ ဇော်လင်းထွန်း(ခ)တာတီးနှင့် စိုးသီဟ(ခ)ချစ်သားတို့၏ ထွက်ဆိုချက်များအရ ၎င်းတို့ နှစ်ဦးသည် သိန်းထိုက်အောင်(ခ)ဂျပန်ကြီး(ဖမ်းဆီးရန်ကျန်) နှင့်အတူ ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာ အဝေးပြေးကားကွင်းအတွင်း အငှားမော်တော်ယာဉ်များ၊ ဆိုင်ကယ်ကယ်ရီများထံမှ လစဉ်ငွေကောက်ခံခြင်း၊ ခရီးသည်တင်မှန်လုံမော်တော်ယာဉ်များထံမှ ဆင်းလာသည့် ခရီးသည် များအား အငှားယာဉ် ငှားရမ်းစီးနင်းရန် ဖိအားပေးပြောဆိုခြင်း၊ ယာဉ်ငှားခများအား သတ်မှတ် ဈေးထက် ပိုမိုတောင်းခံခြင်း၊ အငှားယာဉ်မောင်းသမားများအပေါ် ငွေကြေးခေါင်းပုံဖြတ်ခြင်းတို့အား အောင်မင်္ဂလာအဝေးပြေးကားကွင်းအတွင်းရှိ လမ်းများအလိုက် နေရာအ ပိုင်စားခွဲ၍ လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

     အထက်ပါဖြစ်စဉ်မှ အောင်မင်္ဂလာကားကွင်းအတွင်း လူခေါ်ပွဲစားအဖြစ် လုပ်ကိုင်ကာ မိုက်ကြေးခွဲ၍ ငွေကြေးတောင်းခံသူ ဇော်လင်းထွန်း(ခ)တာတီးနှင့် စိုးသီဟ (ခ)ချစ်သားတို့ နှစ်ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်းနှင့် သိန်းထိုက်အောင်(ခ)ဂျပန်ကြီး အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

Ministry of Information / Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on May 11, 2026

Video