ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများတွင် စခန်းပေါင်းစုံစွမ်းရည်ပြိုင်ပွဲများပြုလုပ်၊ အခြေခံနှင့်တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ စခန်းသွင်းလေ့ကျင့်ရန်နှင့် ပြိုင်ပွဲများကျင်းပရန် နေပြည်တော်သို့ ရောက်ရှိ
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများတွင် စခန်းပေါင်းစုံစွမ်းရည်ပြိုင်ပွဲများပြုလုပ်၊ အခြေခံနှင့်တန်းမြင့်လေကြောင်း လူငယ်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ စခန်းသွင်းလေ့ကျင့်ရန်နှင့် ပြိုင်ပွဲများကျင်းပရန် နေပြည်တော်သို့ ရောက်ရှိ
Ministry of Information/ Naypyitaw / May 12, 2025

နေပြည်တော် မေ ၁၁
တပ်မတော်(ရေ)က ၂၀၂၅ ခုနှစ် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲပြုလုပ်ကြသည်။
ထို့နောက် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများ၏ စခန်းပေါင်းစုံပြိုင်ပွဲများကို ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၊ စစ်ရေးပြကွင်းနှင့် အမှတ်(၄)ရေတပ်ဗောတံတား တို့၌ပြုလုပ်ရာ တပ်မတော်အရာရှိ ကြီးများ၊ သင်တန်းသား သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် အုပ်ချုပ်သူများ တက်ရောက်ကြသည်။ ပြိုင်ပွဲတွင် ရေကြောင်းလူငယ်သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား သင်တန်းသူများက သင်တန်းအလိုက် စစ်ရေးပြပြိုင်ပွဲများ၊ ရေတပ်သားဘာသာရပ်ဆိုင်ရာ ရေး/ဖြေစာမေးပွဲ၊ ကြိုးချည် ကြိုးထိုးလက်တွေ့ပြိုင်ပွဲ၊ ရေတိုင်းခြင်းလက်တွေ့ပြိုင်ပွဲနှင့် ပဲ့စင်တပ်ဖွဲ့တာဝန် ဖွဲ့စည်းဆောင်ရွက်မှုလက်တွေ့ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၅ ခုတွင် စုစုပေါင်း သင်တန်းသား ၈၀၄ ဦးအား ဧပြီ ၂၂ ရက်မှစတင်၍ သင်ကြားပို့ချလျက်ရှိရာ နယ်မြေဒေသအသီးသီးရှိ သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူများသည် လေယာဉ်/ရဟတ်ယာဉ်လိုက်ပါပျံသန်းရန်၊ ပြိုင်ပွဲများကျင်းပရန်၊ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ရန်နှင့် စုပေါင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေသို့ တပ်မတော်လေယာဉ်များ၊ တပ်မတော်မော်တော်ယာဉ်များဖြင့် စုံလင်စွာရောက်ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခြင်းနှင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။
Announcement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 29, 2025
NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Ministry of Planning and Finance / Posted on May 27, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Transport and Communications / Posted on May 22, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း