ရေနံချောင်းမြို့နယ် သဖန်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
ရေနံချောင်းမြို့နယ် သဖန်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / December 03, 2025
ရေနံချောင်းမြို့နယ် သဖန်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
****************************************************************************
ရေနံချောင်း ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘဲဆိပ်ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့် ဝန်ထမ်းများက သဖန်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စီမံကိန်းရန်ပုံငွေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံမှုရှိ/မရှိစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သဖန်းချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၆ဦးကို ငွေကျပ် ၃၀၄သိန်း ၊ မွေးမြူရေးလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ကိုးသိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁၅သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် လေးသိန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၁၅ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၃၂သိန်း ထုတ်ချေးပေးထားကြောင်း ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။
နော်လူး
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
Myanmar National Human Rights Commission Statement (16/ 2025)
Myanmar National Human Rights Commission / Posted on December 03, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
