ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ပုသိမ်ကြီးမြို့နယ်အတွင်း မဲရုံများ ဖွင့်လှစ်ပြင်ဆင်ထားရှိမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်


Ministry of Information/ Naypyitaw / January 21, 2026
image_latest


မန္တလေး ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ကျင်းပမည့် မြို့နယ်ရှစ်မြို့နယ်တွင် ပါဝင်သော ပုသိမ်ကြီးမြို့နယ်ရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပေါင်း ၁၇၇၁၄၄ ဦးအတွက် မဲရုံပေါင်း ၁၃၉ ရုံ စနစ်တကျဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာအုပ်စုရှိ အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်း၊ ရေထွက်ကျေးရွာအုပ်စုရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းလွန်ကျောင်း၊ ပြောင်းရွှေ့ဖွင့်လှစ်ထားသည့် ပုသိမ်ကြီးမြို့နယ် အားကစားခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်ကြီး) တို့တွင် မဲရုံများ ဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်ကြီး) ရှိ အောင်ဇမ္ဗူခန်းမ၌ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးများ၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်‌ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video