ရွှေကျင်နိကာယသာသနာပိုင် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ နှစ်ဦးနှုတ်ခွန်းဆက် သံဝေဂကထာ


Ministry of Information/ Naypyitaw / April 17, 2026
image_latest


အတ္တဒဏ္ဍာ ဘယံဇာတံ၊ ဇနံ ပဿထ မေဓဂံ အတ္တဒဏ္ဍာ= အတ္တကမ္မ၊ အတ္တနောဒုစ္စရိတကမ္မ။ မိမိဒဏ်ဟူသည် မိမိ၏ကံဖြစ်သည်။

ရောဟိနီမြစ်၏ တစ်ဖက်စီ၌နေကြကုန်သော သာကိယနှင့် ကောလိယမင်းတို့ရေလုစစ်ပွဲ ဆင်နွှဲကြသည့်အခါ ဘုရားကြွလာ၍ ဟောတော်မူပါသည်။

ကိုယ်ပြုတဲ့ ကိုယ့်အမှုတွေကြောင့် ဘေးဒုက္ခတွေဖြစ်တာတဲ့။ ဆွေမျိုးသားချင်း၊ လူသားအချင်းချင်း ဆန့်ကျင်သောအယူဝါဒ၊ အယူအဆတွေကြောင့် အချင်းချင်းဆန့်ကျင်ဘက်တွေ ဖြစ်နေကြပြီး အချင်းချင်းသတ်ဖြတ် နှိပ်စက်နေကြသည်ကို ရှုကြကုန်လော၊ ဒီနေ့လူသားတွေဟာ အိုင်ထဲကရေနည်းငါးတွေလို ဖြစ်နေကြပြီး။ ရေအိုင်ကြီးတစ်ခုမှာ ရေအပြည့်၊ ငါးအပြည့်နေကြစဉ်က ငါးတွေထိတ်လန့် တုန်လှုပ်ခြင်းမဖြစ် ချမ်းသာစွာကူးခတ်သွားလာနေကြသည်။ ရေနည်းလာလေ ကျဉ်းမြောင်း ကျပ်တည်းလာလေဖြစ်ပြီး တိုးဝှေ့နေကြကာ ထွက်ပေါက်ရှာနေကြပြီ၊ ငါးတွေအားလုံး တုန်လှုပ်နေကြပြီး ထွက်ပေါက်မတွေ့ဖြစ်နေကြသည်ကို ငါဘုရားသံဝေဂယူသည်။ သင်တို့ (သာကီဝင်နှင့် ကောလိဝင်) ဆွေမျိုးသားရင်းများလည်း သံဝေဂယူကြဟု မြတ်စွာဘုရား မိန့်တော်မူပါသည်။

 သံဝေဂံ ကိတ္တယိဿာမိ၊ ယထာသံဝိဇိတံမယာ။

ငါဘုရားသည် ဘုရားမဖြစ်ခင်ကပင် အချင်းချင်းဆန့်ကျင်ဘက်တွေဖြစ်၊ အချင်းချင်းဖောက်ပြန်စွာကျင့်၊ အချင်းချင်းနှိပ်စက်နေကြသည်တို့ကို သံဝေဂယူခဲ့ပြီ။

သံဝေဂယူကြကုန်လော.. သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video