ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ယူစဉ် ‌ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း  သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ


Ministry of Information/ Naypyitaw / October 05, 2024
image_latest


နေပြည်တော် အောက်တိုဘာလ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူစဉ် ‌ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ဝါဒဖြန့်ဝေနေသည်ကို  တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းစစ်/စာရင်းကောက်များသည် ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်များအတိုင်း ကောက်ယူလျက်ရှိပြီး မသက်ဆိုင်သည့် အခြားအချက်အလက်များကို စစ်ဆေးခြင်း၊ ကောက်ယူခြင်းမရှိဘဲ ဖမ်းဆီးခြင်းများလည်းမရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် စာရင်းအချက်အလက်များကောက်ယူရာတွင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်နေမှုအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများက မနာလို၊ မရှုစိမ့်ဖြင့် သတင်းတု၊ သတင်းမှားကို ပြည်သူလူထုအကြား ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video