ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ယူစဉ် ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ
ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်ယူစဉ် ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေ
Ministry of Information/ Naypyitaw / October 05, 2024

နေပြည်တော် အောက်တိုဘာလ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူစဉ် ဧည့်စာရင်းမတိုင်သူများကိုပါ ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွင် စာရင်းစစ်/စာရင်းကောက်များသည် ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်များအတိုင်း ကောက်ယူလျက်ရှိပြီး မသက်ဆိုင်သည့် အခြားအချက်အလက်များကို စစ်ဆေးခြင်း၊ ကောက်ယူခြင်းမရှိဘဲ ဖမ်းဆီးခြင်းများလည်းမရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် စာရင်းအချက်အလက်များကောက်ယူရာတွင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်နေမှုအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများက မနာလို၊ မရှုစိမ့်ဖြင့် သတင်းတု၊ သတင်းမှားကို ပြည်သူလူထုအကြား ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။
Announcement
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
Ministry of Information / Posted on July 08, 2025
ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on July 04, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း