ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / December 22, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အောင်ပန်း-ရွှေညောင်သွား ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ် ၉၃ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံ ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အောင်ပန်းမြို့မှ ရွှေညောင်မြို့သို့ တောင်ကြီးမြို့နယ်၊ ထီဗွာကျေးရွာနေ ကိုလှဝင်း(၂၅)နှစ် မောင်းနှင်ပြီး ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာနေ ဦးခွန်လှိုင်(၆၀)နှစ် လိုက်ပါလာသည့် SHN-18/7D-XXXX TOYOTA HILUX SURF ယာဉ်သည် အခင်းဖြစ် နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ပခုက္ကူမြို့နယ်၊ ကိုင်းစံပြကျေးရွာနေ ဦးဖြိုးကို(၂၉)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်မာမာဌေး (၂၉)နှစ် လိုက်ပါလာသည့် MDY-12/3F-XXXX MITSUBISHI FUSO ၂၂ ဘီး မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးခွန်လှိုင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုလှဝင်းတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် လှဝင်း အား ဟဲဟိုးနယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

   

 

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023