ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန်သွားပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု

Ministry of Home Affairs/ နေပြည်တော် / January 18, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန်သွားပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် မိတ္ထီလာမှ တာချီလိတ်သို့ ယာဉ်မောင်း ဦးရာဇာမင်း(၄၃)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 6M-XXXX ROSA အမျိုးအစား “ထီလာရိုးမ” ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် အနက် ပေ ၅၀၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်၊ မြို့ နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီး၊ သူနာတင်ယာဉ် သုံးစီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား လေးဦးနှင့် အမျိုးသမီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မောင်း ရာဇာမင်းအား နမ့်စန်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါ သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Revenue Appellate Tribunal / Posted on March 11, 2026
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း