ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန်သွားပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု

Ministry of Home Affairs/ နေပြည်တော် / January 18, 2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ လွိုင်လင်-နမ့်စန်သွားပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၇ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားတွင် မိတ္ထီလာမှ တာချီလိတ်သို့ ယာဉ်မောင်း ဦးရာဇာမင်း(၄၃)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 6M-XXXX ROSA အမျိုးအစား “ထီလာရိုးမ” ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် အနက် ပေ ၅၀၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လွိုင်လင်ခရိုင်၊ မြို့ နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီး၊ သူနာတင်ယာဉ် သုံးစီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား တစ်ဦး(သေဆုံး)၊ အမျိုးသား လေးဦးနှင့် အမျိုးသမီး ခုနစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မောင်း ရာဇာမင်းအား နမ့်စန်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါ သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
Announcement
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
Ministry of Information / Posted on January 19, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
Ministry of Information / Posted on January 18, 2026
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
Ministry of Information / Posted on January 17, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း