ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ဘက်စုံသုံးခန်းမ၌ KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ မြို့နယ်အတွင်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / May 08, 2025


     ၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ဘက်စုံသုံးခန်းမ၌ KBZ Foundation နှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်မှ မြို့နယ်အတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ နာယကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ငလျင်ဘေးသင့်ပြည်သူများ စုစုပေါင်းအင်အား ၄၅၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ 
     အဆိုပါအခမ်းအနားတွင် KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များ ကွန်ရက်မှ တာဝန်ရှိသူက ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်းခြင်း၊ ငလျင်ဘေးသင့်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023