ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / April 22, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်က ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၀ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်၊ ရွှေစေတီလမ်းပေါ်၌ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မသင်္ကာဖွယ်တွေ့ရှိသူ အဆိုပါရပ်ကွက်နေ ဒေါ်ရည်မွန်အောင်(ခ)အငယ်မ(၃၁)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရည်မွန်အောင်(ခ)အငယ်မ အား ရွှေညောင်နယ်မြေရဲစခန်း (ပ)၄၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အနောက်သပြေကုန်းရပ်ကွက်နေ ဒေါ်ရီရီပိုက်(ခ)မီးမီး(၅၄)နှစ်၏နေအိမ်၌ နှစ်လုံး၊ သုံးလုံးထီ ရောင်းချနေကြောင်း သတင်းအရ သုံးဆယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်ရှေ့ခန်း၌ နှစ်လုံး၊ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရီရီပိုက်(ခ)မီးမီး အား သုံးဆယ်နယ်မြေရဲစခန်း (ပ)၇၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကန်တော်ဦးရပ်ကွက်နေ ဒေါ်ဇာခြည်ဦး(၃၈)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သိမ်ဇရပ် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်း ဒေါ်ဇာခြည်ဦးပါ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇာခြည်ဦးပါ ငါးဦးအား သိမ်ဇရပ်နယ်မြေရဲစခန်း(ပ)၆၄/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/ ၁၇(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
