ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပြည်သူ့ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / December 26, 2025


     အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့ စည်း၍ အချို့သောဒေသများတွင် နိုင်ငံတော်မှ ပေးအပ်လာသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် သစ္စာရှိ အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်၌ လူသေဦးခေါင်းပြတ် တစ်လုံးအား တွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ သေဆုံးသူမှာ ဈေးတန်းရပ်ကွက်နေ ပြည်သူ့ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးရာဇာလွင်(ခ)အီကြာကွေး(၄၀)နှစ်ဖြစ်ကြောင်း သိရှိရပြီး ၎င်းသည် ဒီဇင်ဘာလ ၂၄ ရက် ည ၆ နာရီ ၁၀ မိနစ်တွင်  ပြည်သူ့ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ အသင့်စုဖွဲ့ထားသည့်နေရာမှ ၎င်း၏နေအိမ်သို့ ခေတ္တပြန်သွားရာမှ PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

     အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ များအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသ ခံပြည်သူများနှင့်ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

Ministry of Information / Posted on December 26, 2025

​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

Ministry of Information / Posted on December 26, 2025

​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023