ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် မိုင်းတုံမြို့နယ် တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် မိုင်းတုံမြို့နယ် တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
Ministry of Home Affairs/ Nay Pyi Taw / December 22, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၉၅ ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၁ ရက် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အထိ လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဟွေတောက်ကျေးရွာအုပ်စု၊ တောင်ပါခါးကျေးရွာ၏ အနောက်တောင်ဘက် ငါးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်နှင့် တောင်ပါခါးကျေးရွာ၏ အနောက်ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၃ ဧကခန့်တို့အား လည်းကောင်း။
အလားတူ နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အထိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ဆဟောင်းကျေးရွာ အုပ်စု၊ ကျူနိမ့်ကျေးရွာ၏ မြောက်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆၀ ဧကခန့်နှင့် ကောင်းပုံကျေးရွာ၏ အရှေ့ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၃ ဧကခန့်တို့အား လည်းကောင်း။
အလားတူ နံနက် ၈ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၄၀ မိနစ်အထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာ၏ တောင်ဘက် ခုနစ်ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၄ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ပေါ့အင် ကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄၂ ဧကခန့်၊ ကျောက်တင်ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၈ ဧက ခန့်တို့အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ လွယ်ဆောင် ကျေးရွာ၏ အနောက်ဘက် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်နှင့် လွယ်ဆောင်ကျေးရွာ၏ အနောက်ဘက် သုံးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၂၂ ဧကခန့် တို့အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၅ မိနစ်မှ မွန်းလွဲ ၁ နာရီအထိ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ်၊ မိုင်းကန်ကျေးရွာအုပ်စု၊ ပါမကျေးရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်နှင့် ပါမကျေးရွာ၏ တောင်ဘက် နှစ်မိုင် လေးဖာလုံခန့်အကွာရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၆ ဧကခန့်တို့အား လည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
