လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / July 23, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၃

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာဘက်သို့ စောနေပိုင် (ခ) နေပိုင် မောင်းနှင်လာသော LAND CRUSIER မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး (ခ) မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၈၃၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား လက်ခံ၍ မန္တလေးသို့ တာဝန်ခံသယ်ဆောင်သူ သိန်းမြင့် (ခ) သိန်းဟန်သည် တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား လွိုင်ကော်မြို့နေ ခွန်နေလင်းအောင် (ခ) အားသိုက် (ခ) ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့မှ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့ လွိုင်ကော်မြို့နေ သူရိန်စိုး (ခ) ဖိုးသာထူး (ခ)ဖိုးလုံးမှ လာရောက်ပို့ဆောင်ခဲ့သဖြင့် ရေနီမြို့နေ စောနေပိုင် (ခ) နေပိုင်နှင့် ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး (ခ) မိုးဒီတို့မှ လက်ခံ၍ပု ဗ္ဗသီရိမြို့နယ်နေ သိန်းမြင့် (ခ) သိန်းဟန်ထံသို့ လွှဲပြောင်း ပေးခဲ့သဖြင့် ၎င်းမှ ရန်ကုန်နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on July 24, 2025

အများပြည်သူသို့ အသိပေးကြေညာချက်

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on July 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on July 23, 2025

ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023