လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်
လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်
Ministry of Information/ Naypyitaw / November 24, 2025
နေပြည်တော် နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လားရှိုးတက္ကသိုလ် မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လားရှိုးတက္ကသိုလ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လှည်ကြည့်ရှုပြီး ကျောင်းသား/ ကျောင်းသူများအား အားပေးစကားပြောကြားသည်။ ယင်းနောက် စာသင်ဆောင်များ ပြုပြင်နေမှုများကို လှည့်လှည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လားရှိုးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ၏ စာပေသင်ကြားနေမှုများကို လှည့်လှည်ကြည့်ရှုအားပေးပြီး စာသင်ဆောင်များအား လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
