လူမှုစီးပွားဖွံ့ဖြိုးဖို့ သန်းခေါင်စာရင်း အချက်အလက်များကို အသုံးပြုစို့
လူမှုစီးပွားဖွံ့ဖြိုးဖို့ သန်းခေါင်စာရင်း အချက်အလက်များကို အသုံးပြုစို့
Ministry of Information/ Naypyitaw / July 11, 2025
ကမ္ဘာ့လူဦးရေမှာ အချိန်နှင့်အမျှတိုးပွားနေသည်။ လူဦးရေများပြားလာသည်နှင့်အမျှ ဆောင်ရွက်ရမည့် အရေးကိစ္စများမှာလည်း ပို၍များပြားလာသည်။ အချို့အရေးကိစ္စများမှာ အရေးတကြီး ဆောင်ရွက်ရမည့်ကိစ္စများဖြစ်ပြီး ခက်ခဲစွာဆောင်ရွက်ရမည့် ပြဿနာများလည်း ဖြစ်နေသည်။ ဥပမာအားဖြင့် မိသားစုစီမံကိန်းများ၊ ကျား/မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေး၊ မိခင်နှင့်ကလေးကျန်းမာရေး၊ လူ့အခွင့်အရေး စသည့်အရေးကိစ္စများဖြစ်ပြီး အများပြည်သူနားလည်သိရှိနိုင်ရန် လိုအပ်သည်။
၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၅၀၀၀ ပြည့်ခဲ့ရာ ကုလသမဂ္ဂက ထိုနေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်ထိုနေ့ရောက်တိုင်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကျင်းပရန် ဆော်ဩခဲ့သည်။ ကမ္ဘာ့လူဦးရေနေ့ ကျင်းပရခြင်းသည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အရေးတကြီးဖြေရှင်းဆောင်ရွက်ရန်လိုအပ်သည့် လူဦးရေဆိုင်ရာ ပြဿနာများအပေါ် ပြည်သူလူထုနားလည်လာနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်ပင်ဖြစ်သည်။
ကမ္ဘာ့လူဦးရေသည် ၂၀၁၁ ခုနှစ်တွင် ခုနစ်ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ရှစ်ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ၈ ဒသမ ၅ ဘီလီယံခန့်၊ ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၇ ဘီလီယံ နှင့် ၂၁၀၀ ပြည့်နှစ်တွင် ၁၀ ဒသမ ၉ ဘီလီယံအထိ တိုးလာမည်ဟု ခန့်မှန်းထားကြသည်။ ကမ္ဘာ့လူဦးရေ သိသိသာသာတိုးတက်ရခြင်းသည် မျိုးဆက်ပွားသည့် အသက်အရွယ်ရှိသူ ဦးရေများပြားလာခြင်းကြောင့် အဓိကဖြစ်ပြီး မွေးဖွားနှုန်းပြောင်းလဲခြင်း၊ မြို့ပြအသွင် ကူးပြောင်းမှုမြင့်မားခြင်း၊ ရွှေ့ပြောင်းနေထိုင်မှုများပြားလာခြင်းတို့ကလည်း နောက်ဆက်တွဲ အကြောင်းအရာများဖြစ်သည်။ အဆိုပါဖြစ်ရပ်များက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဝင်ငွေခွဲဝေမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုအကာအကွယ်ပေးမှုများအပေါ်တွင် သက်ရောက်မှုရှိသည်။ ထို့အပြင် ကျန်းမာမှုစောင့်ရှောက်ပေးရေး၊ ပညာရေး၊ အိမ်ရာ၊ သန့်ရှင်းရေး၊ ရေ၊ အစားအစာနှင့်စွမ်းအင်တို့ လူတိုင်းလက်လှမ်းမီရရှိစေရန် ကြိုးပမ်းမှုများအပေါ်တွင်လည်း သက်ရောက်စေသည်။ လူတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ရေရှည်ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန်အတွက် မူဝါဒချမှတ်သူများအနေဖြင့် လူဦးရေမည်မျှရှိသည်။ ၎င်းတို့ မည်သည့်နေရာများ၌ နေထိုင်နေသည်။ အသက်အရွယ်မည်မျှရှိပြီ၊၊ နောက်ထပ်လူဦးရေမည်မျှတိုးပွားမည် စသည့်အချက်အလက်များကို သိရှိနားလည်ထားရန်လိုသည်။
ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ “လူမှုစီးပွားဖွံ့ဖြိုးဖို့၊ သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုစို့ - From Data to Development: Using Census For Socio - Economic Advancement” ဟူ၍ဖြစ်သည်။ နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများဆောင်ရွက်ရာတွင် မဖြစ်မနေအခြေခံသုံးစွဲရမည့် ကိန်းဂဏန်းများ၊ အချက်အလက်များနှင့် အကြောင်းအရာများကို ရရှိရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံ၏လူဦးရေ စုစုပေါင်းကိုသာမက အသက်အပိုင်းအခြားအလိုက်၊ ကျား မ အလိုက် လူဦးရေများ၊ နိုင်ငံအတွင်း နေထိုင်သူအားလုံး၏ လူမှုစီးပွားရေးဆိုင်ရာ ကဏ္ဍအားလုံး၏ အချက်အလက်များ၊ အိမ်အကြောင်းအရာများကို ရရှိမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းမှရရှိသည့် အချက်အလက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတို့အချိုးညီညီတိုးတက်အောင် ဆောင်ရွက်ရာတွင် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ ပြုလုပ်ရာ၌ မဖြစ်မနေသုံးစွဲကြရသည်။ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ၁၀ နှစ်လျှင်တစ်ကြိမ်ပြုလုပ်ရခြင်းဖြစ်ရာ ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် ကိန်းဂဏန်းများ၊ အချက်အလက်အကြောင်းအရာများသည် နိုင်ငံ၏လက်ရှိအခြေအနေအရပ်ရပ်နှင့် အနီးစပ်ဆုံးပင်ဖြစ်ရာ နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရယူအသုံးပြုခြင်းဖြင့် အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်နိုင်ပါမည့်အကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
