လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများပေးအပ်ချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 01, 2025


ဘားအံ - ဩဂုတ် (၁)

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများ အား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့်ဆောက်လုပ်ထားသော Cyclone Shelter တွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအားလည်းကောင်း၊ လှိုင်းဘွဲမြို့၊ နယ်မြေခံတပ်နယ် ခန်းမရှိ ရေဘေးသင့်မိသားစုဝင်များအားလည်းကောင်း သွားရောက်တွေ့ဆုံအားပေးပြီး ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့(ဃ)ရပ်ကွက် အနိမ့်ပိုင်းနေရာများတွင် လူနေအိမ်များအတွင်း ရေများဝင်ရောက်နေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေရာချထားပေးမှုများကို စက်တပ်လှေငယ်များဖြင့် လှည့်လည်ကြည့်ရှု ကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင် ကွက်သစ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများ အားလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအားလည်းကောင်း သွားရောက်တွေ့ဆုံအားပေးပြီး ဆန်ရိက္ခာဖိုးငွေနှင့်စားသောက်ကုန် ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏ အနိမ့်ပိုင်းနေရာများ ဖြစ်သော အမှတ်(၅)ရပ်ကွက်၊ အောင်နန်း၊ အမှတ်(၁)ရပ်ကွက်၊ အုပ်ဖို၊ အမှတ်(၂)ရပ်ကွက် ဆယ်အိမ်စုတို့တွင် ရေများ ဝင်ရောက်၍ ရေကြီးရေလျှံဖြစ်ပွားမှု၊ လူနေအိမ်များအတွင်းရေဝင်ရောက်မှု၊ ၎င်းတို့၏နေအိမ်များအားစွန့်ခွာ၍ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် သွားရောက်နေထိုင်မှုများကို စက်တပ်လှေငယ်များဖြင့် လိုက်လံ ကြည့်ရှု ကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်း ရေဘေးစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အချိန်ထိ ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၅၉)ခု ဖွင့်လှစ်၍ အိမ်ထောင်စု ၇၂၅၃ စု၊ လူဦးရေ ၃၂၂၂၇ ဦးတို့အား ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ကာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အိမ်ထောင်စု ၂၇၄၈ စု၊ လူဦးရေ ၁၁၅၇၅ ဦးအား ဆန်ရိက္ခာနှင့်ခေါက်ဆွဲခြောက်ဖိုးငွေ ၅၈၇၆၈၂၅ဝိ/-(ငါးရာရှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း ရှစ်ထောင်နှစ်ရာ့ငါးဆယ်ကျပ်)ကို ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသည့်အိမ်ထောင်စုများကိုလည်း ဆက်လက်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ပါသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 01, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement No. (9/ 2025)

Myanmar National Human Rights Commission / Posted on August 02, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on August 01, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023