လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် တက်ရောက်နေသူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်


Ministry of Information/ Naypyitaw / August 01, 2025
image_latest


နေပြည်တော် ဇူလိုင် ၃၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနသုံးခုတို့မှ ဝန်ထမ်းများ၏ သားသမီးများအနက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများဖြစ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် လေးဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား ကျောင်းသူခြောက်ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၂ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် မူလတန်းအဆင့် ၇၃၉ ဦး၊ အလယ်တန်းအဆင့် ၂၃၅ ဦး၊ အထက်တန်းအဆင့် ၁၆၆ ဦး၊ တက္ကသိုလ်တက်ရောက်သူ ၃၃၆ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၄၇၆ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် လေးဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ခြောက်ဦးနှင့် တက္ကသိုလ်တက်ရောက်နေသူများကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ အထက်တန်းတက်ရောက်နေသူ ကျောင်းသား ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဒုတိယဝန်ကြီး ဦးစိုးကြည်ကလည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးကလည်းကောင်း ပညာသင်ထောက်ပံ့ငွေများ ပေးအပ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ထောက်ပံ့ကြေးငွေများကို နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၅၀၄ ဦးအတွက် ငွေကျပ် ၂၉၂၃၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 01, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on August 01, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023